Monday, January 30, 2012

ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော


2012-01-23
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ အင်းစိန်ထောင်ထဲကို တရားမ၀င် သွင်းဖို့ ကြိုးစားတယ် ဆိုပြီး စွဲချက်တင်ထားတဲ့ အမှု အတွက် ငွေဒဏ် ချမှတ်မယ် ဆိုရင်တောင် မိမိအနေနဲ့ ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာအက်ဖ်အေကို ပြောပါတယ်။

 
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။

ပြီးခဲ့တဲ့ ၂၀၁၁ ခု အတွင်း အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် အချခံရပြီး ဇန်န၀ါရီလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို နောက်ထပ် စွဲချက်တင်ထားတဲ့ တရားမ၀င် ပစ္စည်းများ ထောင်ထဲကို သွင်းဖို့ ကြိုးပမ်းမှုနဲ့ အင်းစိန် မြို့နယ် စုပေါင်း တရားရုံးက စီရင်ချက်ချဖို့ မနက်ဖြန် ရက်ချိန်းပေးထား ပါတယ်။ တကယ်တော့ ဒီအမှုဟာ အချိန်အခါ အရ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကပြောပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တီရှပ်ဟာ တရားမ၀င်ပစ္စည်း မဟုတ်တဲ့ အကြောင်း ပြန်လည် ထုချေထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ကတည်းက တရားရုံးချိန်း ၂ ကြိမ် တက်ခဲ့ရပြီးပါပြီ။

Sources: RFA Burmese

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....