Sunday, January 29, 2012

တိုက်ရိုက်ဒီမိုကရေစီလုပ်ငန်းများစကြတော့မည်.......................

(၂၉-၁-၂၀၁၂ ) မနက်ဖြန်မနက်တွင် ကိုမင်းကိုနိုင်ဦးဆောင် သော ၈၈မျိုးဆက်ကျောင်းသားများနှင့် ၂၀၀၇ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုဦးဆောင်သော ဗကသအဖွဲ့ဝင်များ ပူးပေါင်းကာ ကလေးထောင်တွင်မလွတ်မြောက်နိုင်သေးဘဲ အကျဉ်းကျနေသေးသော ကိုအေးအောင်အိမ်သို့ သွားရောက်ကာ အားပေးစကားများ ပြောကြားကြမည်ဖြစ်သည်။ အကျဉ်းထောင်တွင်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအိမ်သို့ အားပေးစကားပြောကြားခြင်းကို ၈၈မျိုးဆက်ခေါင်းဆောင်များမှ ဦးဆောင်ကာ ကမ်ပိန်းများစတင်တော့မည် ဖြစ်သည်။

1 comment:

  1. NLD သို့ မေတ္တာရပ်ခံချက်
    by Myat Kyaw on Saturday, January 28, 2012 at 12:00am

    NLD အနေနဲ့ လောလောဆယ်မှာ မြို့ နယ်ပေါင်းစုံအနှံ့ ရုံးခန်းများဖွင်လှစ်နိုင်ရေး၊ဧပြီလ(၁)ရက်နေမှာကျင်းပမယ့်ကြားဖြတ်
    ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေနဲ
့အလုပ်များနေမယ်ဆိုတာနားလည်ပါတယ်။ဒီကိစ္စတွေနဲ့ တပြိုင်နက်ထဲဆောင်ရွက်ပေးစေချင်တာတစ်ခုကတော့ အခြားသောဒီမိုကရေစီပါတီငယ်တွေ၊တိုင်းရင်းသားပါတီတွေနဲ့ လည်းတွေဆုံဆွေးနွေးပြီးပူးပေါင်းမှုပြုစေချင်ပါတယ်။

    ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဒီမိုကရေစီပါတီတပ်ပေါင်စုကြီးနဲ့  ကြံ့ခိုင်ရေးပါတီကြားပြည်သူတွေဘာကိုရွေးကြမလဲဆိုတာ သိပ်ကိုရှင်းသွားမှာပါ။ဒီကြားဖြတ်ရွေးကောက်ပွဲဟာ
    ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီသမားတွေသာ အောင်ပွဲခံမယ့်ပွဲဖြစ်လာမှာပါ။

    သို့ အတွက် ယာယီပူးပေါင်းမှုဘဲဖြစ်ပါစေကြားဖြတ်ရွေးကောက်ပွဲမှာ
    ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို
    ပြည်သူတစ်ဦးအနေဖြင့်NLD ကိုမေတ္တာရပ်ခံပါတယ်။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....