Wednesday, June 8, 2011

ဆောင်းပါးရှင်ဦးဇဝန၏သုံးသပ်ချက်အမြင်

Egressကနေ၀င်းမောင်ရဲ.ဆရာ
ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခ
ကျော်ရင်လှိုင်ဆိုသူဟာဒီချုပ်ရုံးမှာလူငယ်တွေ
ကိုPolitical  Scienceနဲ.ပါတ်သက်ပြီးသင်တန်းပြု.လုပ်ရန်စီစဉ်နေပါပြီ။
သူသင်တန်းပြု.လုပ်နိုင်ရန်နေ၀င်းမောင်ကDaw Aung San Suu Kyiကိုအကြိမ်ကြိမ်
မေတ္တာရပ်ခံထားပါတယ် လို့သိ.ရပါတယ်၊အခု.Daw Aung San Suu Kyi ကခွင့်ပြုလိုက်ပါတယ်။

ပြသနာကကျော်ရင်လှိုင်ဟာအစိုးရလူနေ၀င်းမောင်ဆရာဖြစ်နေပြီး
Egress ဟာ2008နဲ.2010တွေမှာLobby လုပ်ခဲ့တာတွေကြောင့်
အတိုက်ခံအင်အားစုတွနဲ.တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ကျာင်းသား
လူငယ်တွေကသူတို့ကိုလက်မခံပါ၊ Daw Aung San Suu Kyi ခွင်ြ့ပုချက်နဲ့လုပ်တာဆိုပြီး သူတို့က
အသံလွှင့်နေပါတယ်။အဲ.အပေါ်လူငယ်အင်အားစု.တွေကမကျေနပ်ဖြစ်နေကြပြီး
ဒီချုပ်လူကြီးတွေကတော့ရေငုံနှုတ်ပိတ်ထားပါတယ်။ပြသနာဟာပိုမိုကြီးမားလာနိုင်
ပြီး အကွဲအပြဲတွေဖြစ်လာနိုင်ပါတယ်။
ဒါဟာနေ၀င်းမောင်Egressနဲ့ .အစိုးရရဲ့ မဟာဗျူဟာဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါ။ သည့်အပြင်ပြဿနာကိုအချိန်မီတားနိုင်ရန်အတွက် အရေးတကြီးလိုအပ်နေပါ။
အရင်းမြစ်ကိုမသိသူ လူငယ်/လူကြီးများ
ပါဝင်ပါတ်သက်နေပါတယ်။ နေ၀င်းမောင်၊ဖုန်းဝင်း၊တင်မောင်သန်း၊ဟန်ညောင်ရွှေတို့ဟာ Daw Aung San Suu Kyi လွတ်မြောက်လာပြီးနောက်ပိုင်း ဟန်ချက်ညီညီလှုပ်၇ှားလာနေပါတယ်။ သူတို့ဟာဒီချုပ်ကို ထိုးဖေါက်ဝင်ရောက်ဖြိုခွဲမည့်သူများဖြစ်ပြီး လက်ရှိအစိုးရရဲ့ ကျောထောက်နောက်ခံပြု.မှုကိုအခိုင်အမာရရှိ.ထားသူတွေဖြစ်ကြောင်း
အသိပးလိုက်ရပါတယ်။ အတိုက်ခံအင်အားစုများအနေနဲ့ လက်ရှိလုပ်ရပ်နဲ့ပါတ်သက်ပြီး NLDအပေါ်
နားမလည်နိုင်သလိုထောက်ခံယုံကြည်မှုအားနည်းလာနေကြပါတယ်။ မကြာမီမှပြန်လွတ်လာသော ဗကသအဖွဲ.ချုပ်ဝင် ကျောင်းသားလူငယ်တစ်ဦးအနေဖြင့် ပြောကြားရာတွင်(ကျနော်ထောင်ထဲမှာ ဒီလောက်နှစ်အကြီးနေလာတာ စိတ်ဓါတ်မကျဘူးဗျာ။ အခုလိုမျိုးတွေကြားရသိရတော့ စိတ်ဓါတ်ကျတယ်။ နောက်ပြီးအမေလုပ်နေတာတွေကိုကျနော်တို့ နားမလည်နိုင်တော့ဘူး။
Egressကလူတွေကိုမှ.သင်တန်းပို့ချခိုင်းရလားဗျာ။ဒီလောက်တောင်သင်တန်းဆရာရှားနေလား၊ ကျနော်တို့မှာ
ကအစိုးရဒလန်တွေကိုလည်းတိုက်ရ၊ အာဏာရှင်ကိုလည်းတိုက်ရ၊ ဒီကြားထဲ ဒီလူတွေကို အမေကသုံးတယ်ဆိုတော့ ခက်တယ်။ မဟာမိတ်လုပ်ချင်နေမှတော့ လက်ရှိစစ်အစိုးရနဲ့ပဲ လုပ်လိုက်တာပိုကောင်းမယ်ထင်တယ်။ စိတ်တော်တော်ပျက်နေပြီဗျာ)ပာု ကြားပါတယ်။ အထက်ပါကိစ္စ နဲ့ပါတ်သက်ပြီး ပြည်တွင်းအတိုက်ခံလူငယ်များအကြား သဘောထားတင်းမာမှုများ
ပေါ်ပေါက်နေကြောင်း တင်ပြလိုက်ရပါတယ်။

သင့်ပါးစပ်တည်းသို့ဝင်သောအဆိပ်သည် သင့်ကိုသာသေစေနိုင်ပြီး.နားတည်းသို့
ဝင်သောအဆိပ်သည် လူပေါင်းများစွာကိုသေစေနိုင်သည်။ှ
 U Za Wana

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....