Wednesday, June 8, 2011

ဗိုလ်ဖြစ်ဖို့ လွယ်မလား(ဟာသ)

ဒီနေ့ထုတ် မြန်မာ့အလင်း ကြေးမုံသတင်းစာတွေမှာ ပါတဲ့ ဗိုလ်သင်တန်းလျှောက်လွှာ ၃ စောင် = ဟာသ


လူငယ်တွေ စစ်ဗိုလ်ဖြစ်ဖို့ ကန့်သတ်ခံနေရပါတယ်။ သိပ္ပံ သို့မဟုတ် ၀ိပ္ပံ နဲ့ စာမေးပွဲအောင်ရမယ် တဲ့။
သိပ္ပံ ဆိုတာ ၀ိပ္ပံ လို့လည်း ခေါ်သလား။ ၀ိပ္ပံဆိုတာ ဘာလဲ ဆိုပြီး ခေါင်းကိုက်နေကြပါတယ် တဲ့။

နံပါတ် ၃ မှာ ပါတဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ဆိုတာကို ခေါင်းစားနေကြသတဲ့။ ပတ်စ်ပို့ ဆိုတာ ၃ လက်မ၊ ၄ လက်မ ပတ်လည် ရှိတာကြောင့် တကိုယ်လုံးပုံကို ဆိုလိုတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် တကိုယ်လုံးပုံ ရိုက်ရင် ဘယ်လို အိုက်တင် ပေးရမယ် ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက် မပါလို့ အိုက်တင်ပေးရေး ခက်ခဲကြောင်း သိရပါတယ်။

မဟာ အခက်အခဲကတော့ နံပတ် ၃ မှာ ပါတဲ့ ထောက်ခံချက်လို့ သိရပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်အတွက် ရဲစခန်းမှာ သွားတောင်းဖို့ ညွှန်ကြားထားတာပါ။

ဗိုလ်ဖြစ်ချင်သူတွေက ထောက်ခံစာ သွားတောင်းတဲ့အခါ ရဲစခန်းတွေက ငြင်းလွတ်နေတယ်လို့ ဆိုပါတယ်။
ရဲတွေက - ငါတို့ကိုယ်တိုင်က စာရိတ္တ ကောင်းတဲ့ ကောင်တွေမှ မဟုတ်တာ၊ မင်းတို့ကို အဲဒီထောက်ခံချက် ပေးလို့ ဘယ်ဖြစ်မလဲ ဆိုပြီး ငြင်းလွတ်ပါသတဲ့။

ကဲ - ခုခေတ်မှာ ဗိုလ်ဖြစ်ဖို့ လွယ်ပါ့အုံးမလား။ 
http://www.irrawaddyblog.com/မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....