Wednesday, June 8, 2011

မြန်မာ ၀န်ကြီး၊ စင်ကာပူ ၀န်ကြီးထက် အဆင့်မြင့်

မြန်မာနိုင်ငံမှ ရထားများ အလွန် အဆင့်မြင့်ကြောင်း BSN မှ သတင်းတစ်ပုဒ် တင်ပြခဲ့သည်ကို မှတ်မိကြဦးမည် ထင်ပါသည်။ ယခုမူ ရထားများ သာမက ရထားစီးသော မြန်မာ ၀န်ကြီးမှာလည်း စင်ကာပူ ၀န်ကြီး ထက် အဆင့်မြင့်သည်ကို တွေ့ရသည်။

ပြည်သူတွေ အကြား ဟိတ်ဟန်မရှိ၊ ပကာသနမရှိ၊ ရံရွေတော်တွေ မရှိဘဲ
ရထားစီးနေတဲ့ စင်ကာပူ ၀န်ကြီး (Photo: stomp.com.sg)

ဝန်ကြီး ရထားစီးမယ် ဆိုလို့-
သံချေးတက်နေတာတွေကို သင်္ဘောဆေး အသစ်သုတ်ထားပြီး၊
ရထားနံရံတွေကို အထပ်သားနဲ့ ကာရံ ခြယ်သကာ
ဟောင်းနွမ်း ညစ်ပတ်မှုတွေကို ဖုံးဖိ အလှပြင်ထားတဲ့
မို့ပတ်ရထားရဲ့ "အဆင့်မြင့် ၀န်ကြီးတွဲ" မှာ စီးနင်းလိုက်ပါပြီး
"ပြည်သူတွေနဲ့ အတူ ရထားစီးတယ်" လို့
နာမည်ကောင်း ယူချင်တဲ့-
ရံရွေတော်တွေကြားက အဆင့်မြင့် မြန်မာ ၀န်ကြီး (ဓာတ်ပုံ- Eleven)

"ရထားစီးတဲ့ မြန်မာဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၀န်ကြီးပါ။ နိုင်ငံတော် အဆင့် ၀န်ကြီး မဟုတ်သေးဘူး။ စင်ကာပူ ပို့ဆောင်ရေး ၀န်ကြီး ဆိုတာကတော့ စင်ကာပူ ဆိုတဲ့ မြို့ကလေး တစ်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ် အဆင့် ၀န်ကြီး လေဗျာ။ တိုင်းဒေသက မြို့နယ်ထက် အဆင့်မြင့်တော့ ကျွန်တော်တို့ ၀န်ကြီးက စင်ကာပူ ၀န်ကြီးထက် ပိုပြီး အဆင့်မြင့်ပါတယ်။ ဒီတော့ ရထားစီးတာချင်း အတူတူ ကျွန်တော်တို့ ၀န်ကြီးက ပိုအဆင့်မြင့်ရမှာပေါ့ဗျာ။ ဒါကြောင့် အဆင့်မြင့်အောင် ဆိုပြီး ရထားတွဲကို အထူးမွမ်းမံခြယ်သပြီးတော့... အဲ.. ရထားနံရံ ညစ်ပတ်တာတွေ၊ ဟောင်းနွမ်း ပေါက်ပြဲနေတာတွေ  ကို အထပ်သားနဲ့ ကာရံ ဖုံးဖိ ပြီးတော့ ရထားစီးတာပေါ့ဗျာ။ အဆင့်မြင့် ၀န်ကြီးဆိုတော့ အဲသလို အဆင့်မြင့် ရထားကို စီးရတာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသ အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦးက ရှင်းပြသည်။

ရထားစီးတဲ့ ရန်ကုန်တိုင်း ၀န်ကြီး သတင်း
ရထားစီးတဲ့ စင်ကာပူ ၀န်ကြီး သတင်း

(လက်တို့သူ-နာနို)
http://www.burmastrangenews.com/မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....