Thursday, June 9, 2011

တရုတ်နိုင်ငံရဲ့ လေယာဉ်တင် စစ်သင်္ဘော မြင်ကွင်းထွက်လာ


တရုတ်အစိုးရက သူတို့မှာ လေယာဉ်တင် သင်္ဘော စီမံကိန်း ရှိတယ် ဆိုတာကို ပထမဆုံးအကြိမ်ထုတ်ဖေါ်ဝန်ခံလိုက်တာကြောင့် နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်းကို ညွှန်းဆိုပြတဲ့ လက္ခဏာ သင်္ကေတ တရပ် ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ လေယာဉ်တင် သင်္ဘောကြီးတွေ ထားရှိ မောင်းနှင်နိုင်တဲ့ နိုင်ငံဆိုလို့ လက်ချိုး ရေတွက်လို့ ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ယူကရိန်း နိုင်ငံကနေ ဝယ်ထားတဲ့ ဆိုဗီယက် လုပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို ပြန်ပြင်နေတယ်လို့ ကြားနေရတာ နှစ်နဲ့ချီ ကြာနေပြီး အခုမှ ဒီသတင်း ပြန်ထွက်လာတာ ဖြစ်ပါတယ်။
တရုတ် လေယာဉ်တင် သင်္ဘောကို ဒီနှစ်ကုန်လောက်မှာ ရေပြင်မှာ အစမ်း မောင်းနှင်နိုင်တော့မယ်လို့ ယူဆရပေမယ့် ဒီလေယာဉ်တင် သင်္ဘောကို သင်တန်း လေ့ကျင့်မှုတွေက လွဲလို့ တခြား နေရာတွေမှာ အသုံးပြုနိုင်ဖွယ် မတွေ့ရပါဘူးလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
အမေရိကန် ရေတပ်နဲ့ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် အမေရိကန် ရေတပ်မှာက အပြည့်အဝ လှုပ်ရှားနိုင်တဲ့ လေယာဉ်တင် စစ်သင်္ဘော ၁၁စင်းလောက် ရှိနေပါတယ်။
နောက် အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယ နိုင်ငံကို ကြည့်မယ် ဆိုရင်လည်း အလားတူ ဆိုဗီယက်လုပ် သင်္ဘောကြီး တစ်စင်းကို အိန္ဒိယ ရေတပ်အတွက် ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင် သင်္ဘောကြီး အဖြစ် ပြန်ပြင် ဆောက်လုပ်ဖို့ လုပ်နေပါတယ်။
တရုတ်အစိုးရကတော့ သူတို့ ဒီသင်္ဘောကြီး ပိုင်ဆိုင်တာအပေါ် တခြားနိုင်ငံတွေ အနေနဲ့ ဘာမှ စိုးရိမ် ထိတ်လန့်စရာ မလိုဘူးလို့ ပြောနေပါတယ်။
by Myanmar Journal on Thursday, June 9, 2011 at 8:06am

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....