Saturday, May 14, 2011

ဂျပန်နိုင်ငံမှတော်လှန်ရေးသမားများ၊နိုင်ငံရေးသမားများဆင်ခြင်နိုင်မှတော်ကာကြမယ်

ဆောင်းပါးရှင် ယမင်းအဉ္စလီဦး (နော်ဝေ)ရဲ့ ဆောင်းပါးလေးက မြန်မာအမျိုးသမီးလေးတွေအတွက် စေတနာနဲ့ရေးတဲ့ ဆောင်းပါးလို့ပဲ အကြမ်းအားဖြင့် ဆိုကြပါတော့။ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး အများကြီး ဝေဖန်ထားတာ တွေ့ရပေမယ့် ကိုယ်ကိုတိုင်လည်း ဂဃနဏ မပြောလို့နိုင်လို့ အဲသည့် ကိစ္စအတွက်တော့ ဘာမှ မပြောလိုပါဘူး။

အခု အမြင်မတော်လို့ ကျွန်ုပ်ပြောချင်တဲ့ ကိစ္စလေးကတော့... (ဂျပန်က နိုင်ငံရေးသမားတွေကလည်း အမြဲတမ်းအရက်မူးနေတတ်ပြီး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်မလိုက်ပဲ ဘာမှနားမလည်တဲ့ သူ့မိန်းမကို ဆဲဆိုကြိမ်းမောင်ပြီး ဆန္ဒပြပွဲတွေ အတင်းသွားခိုင်းကြပါတယ်.. ပီးရင် ဆန္ဒပြလို့ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းထုတ်တွေကို မောမောပန်းပန်းပြန်လာတဲ့ မိန်းမတွေအရင် သူတို့က စားကြပါတယ်)...ဆိုတာကိုပါပဲ။

ဂျပန်နိုင်ငံက ဆန္ဒပြပွဲတွေမှာ ထမင်းထုပ်ဝေတယ် ကျွေးတယ်လို့ ဘယ်သူပြောသလဲ။ ၁၀ခါလုပ်ရင်တောင် ၁ခါမကျွေးဖူးဘူး။ နွေရာသီဆိုရင်သာ ရေတိုက်ပဲ ရှိပါတယ်။

နောက်တခုက ဆန္ဒပြရင် ပိုက်ဆံရတယ်ဆိုတာ တော်တော့်ကို ဆိုးဝါးစွာ လွဲမှားနေတဲ့ မှားယွင်းမှုကြီးပဲ။ ငိုအားထက်ရယ်အားသန်ဆိုသလိုဖြစ်နေပြီ။  နိုင်ငံရေးသမားတွေကလည်း အမြဲတမ်းအရက်မူးနေတယ် ဆိုတာ တော်တော့်ကို ပစ်စလတ်ခတ် စည်းမဲ့ကမ်းမဲ့ ပြောလိုက်တဲ့စကားပါပဲ။ နှုတ်တရာ စာတလုံး တဲ့။

ဆောင်းပါးတပုဒ်ရေးပြီး စာအုပ်ထဲပဲ ထည့်ထည့်၊ အင်တာနက်ပေါ်ပဲ တင်တင် ကိုယ်ရေးလိုက်တဲ့ ပြောလိုက်တဲ့ စာတလုံး စကားတလုံးကို တာဝန်ယူနိုင်စွမ်းရှိရမယ် လို့ထင်ပါတယ်။ တတ်နိုင်သမျှလည်း အမှားနည်းအောင် ဂရုစိုက်ရပါတယ်။ အဲသည့်လိုမှ မဟုတ်ရင် ကိုယ့်စေတနာက အရာမထင်ပဲ ဆေးအတွက်လေး နေတတ်ပါကြောင်း...........
.

ဆောင်းပါးရှင် ယမင်းအဉ္စလီဦး (နော်ဝေ)ရဲ့ ဆောင်းပါး

ကောင်မလေးတစ်ယောက် (မ----) စင်္ကာပူမှာ ကျောင်းပီးလို့ အလုပ်ရှာနေတုန်းပါ.. ကောင်မလေးက သူ့ အမေနဲ့အတူနေပါတယ်.... အရွယ်ကလေးကလဲ ရလာပီဆိုတော့ ရည်းစားလေးထားကြည့်တာပေါ့....

တနေ့ ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို့ တောင်းဆိုပါတယ်...(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ.. နိုင်ငံရေးဘလော့တွေမှာ ဝင်ရေးတတ်ပီး facebook တွေမှာ အမြဲဆဲဆိုနေတတ်ပါတယ်)

ဟိုမှာ တွေ့ ရင်းကြိုက်သွားကြတာပေါ့.... ကောင်လေးကအဲ့လိုနေဖို့ တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်... ပီးတော့ ကောင်လေးက ကောင်မလေးနဲ့အတူ နေစဉ်ဖြစ်ရပက်များ အားလုံး(အစအဆုံးကို) video camera နဲ့ မှတ်တမ်းတင်ပီး အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်... ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောငလေးကို တာဝန်ယူဖြေရှင်ေးပးဖို့ ပြောပါတယ်....

(ကိုယ်ဝန်ရှိသွားတယ်ဆိုရင်တော
င် ဆရာဝန်တွေနဲံတိုင်ပင်ပီးတော့ ဖြေရှင်းလို့ရပါသေးတယ်.. ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့ ကိစ္စပါ.)

ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်... သူ့မိဘတွေက နိုင်ငံရေးခိုလုံထားသူတွေဖြစ်လို့ မြန်မာနိုင်ငံကိုလည်း ဘယ်တော့မှမပြန်လာဘူး၊ မကျေနပ်ရင် ကြိုက်တဲ့နေရာတိုင်နိုင်တယ်လို့ ပြောပီး အမေရိကားကိုတောင် ထွက်ပြေးသွားပီလို့ သိထားပါတယ်.. ကောင်မလေးကတော့ နောက်ဆုံး ဘာမှမတတ်သာတော့ပဲ တိုက်ပေါ်ကနေ ခုန်ချပီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်...

ကောင်မလေးအမေမှာ အခု ဖြေရာမရဖြစ်နေသလို...ကောင်မလေးအဖေကိုလဲ ရင်မဆိုင်ရဲတာကြောင့် ရန်ကုန်ကိုလဲ မပြန်နိုင်ဖြစ်နေရပါတယ်... ဒါပေမဲ့ လူစိတ်မရှီတဲ့ (လူလို့ တောင်ပြောလို့ မရတဲ့ကောင်ပါ) (ကိုယ့်မြန်မာအချင်းချင်းကိုတောင် အညှာမတာ လုပ်ရက်တယ်...) ကောင်ကိုတော့ မြန်မာနိုင်ငံမှာ အမှုဖွင့်ထားပါတယ်...

ဒီကောင် မြန်မာပြည်ကိုတော့ ဒီတစ်သက်ပြန်လာလို့ မရတော့ပါဘူး..ပြန်ရောက်တာနဲ့  ထောင်ထဲတန်းရောက်မှာပါ..... ဒီလို လူစိတ်မရှိတဲ့ကောင်ကြောင့် အမြတ်တနီုးတန်ဖိုးထားထားတဲ့ကောင်မလေးတစ်ယောက် မိဘရင်ခွင်ထဲကနေ ထွက်ပီး အဆုံးစီရင်သွားရရှာပါတယ်..

အဲ့ဒါကြောင့် ပြောချင်တာက စင်္ကာပူရောက်မြန်မာ မိန်းခလေးများ ( ဘယ်နိုင်ငံပဲရောက်ရောက်..ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်မချရဘူး.) ဘယ်ရည်စားနဲ့မှ အတူမနေမိစေဖို့ ပါ... အထူးသဖြင့် မြန်မာနိုင်ငံကို ဘယ်တော့မှပြန်မလာဘူးလို့ ဆုံးဖြတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ နိုင်ငံရေးသမားတွေကို အဝေးဆုံးက ရှောင်ဖို့ပါပဲ...

ဂျပန်က နိုင်ငံရေးသမားတွေကလည်း အမြဲတမ်းအရက်မူးနေတတ်ပြီး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်မလိုက်ပဲ ဘာမှနားမလည်တဲ့ သူ့မိန်းမကို ဆဲဆိုကြိမ်းမောင်ပြီး ဆန္ဒပြပွဲတွေ အတင်းသွားခိုင်းကြပါတယ်.. ပီးရင် ဆန္ဒပြလို့ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းထုတ်တွေကို မောမောပန်းပန်းပြန်လာတဲ့ မိန်းမတွေအရင် သူတို့က စားကြပါတယ်... တချို့ အထောက်အပံ့တွေ အများကြီးရထားပြီးသား နိုင်ငံရေးသမား ကြီးတွေက ကျောင်းစရိတ်မပြည့်စုံတဲ့ မြန်မာကျောင်းသူ ကိုယ့်သမီးအရွယ်လေးတွေကိုပဲ အတူနေခိုင်းပြီး ကျောင်းစရိတ်ထောက်ပံ့ကြတာ အများကြီးရှိပါတယ်...

မလေးရှားက နိုင်ငံရေးသမားတွေကလည်း ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးများကို ကူညီပေးမယ်ဆိုပီး ခေါ်သွားကာ အတူနေကြတာတွေအများကြီးဖြစ်နေပါတယ်..

နိုင်ငံခြားရောက်မြန်မာမိန်းခလေးများအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဘယ်ယောင်္ကျားကိုမှ မယုံကြပါနဲ့.. ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို အမြဲသတိထားပြီး ဖြစ်လာရင်မိန်းခလေးဖက်ကပဲ နစ်နာရတယ်ဆိုတာကို အမြဲသတိပြုကြပါ.. အပြင်မှာ ရည်းစားမထားကြပါနဲ့.. ရည်းစားထားမယ်ဆိုရင်လည်း သိက္ခာရှိသူ၊ ကိုယ်ကျင့်တရားကောင်းသူနဲ့ လူသိရှင်ကြား ဂုဏ်ယူစရာအလုပ်လုပ်နေပြီး မြန်မာနိုင်ငံကို အချိန်မရွေးပြန်နိုင်သူ၊ မိဘဆွေမျိုးများနဲ့ ဆက်သွယ်နိုင်သူကို ရွေးချယ်ပါ...

အကောင်းဆုံးကတော့ အပြင်မှာရည်းစားထားမယ့်အစား အွန်လိုင်းမှာပဲ ရည်းစားထားကြပါ.. အွန်လိုင်းမှာ အွန်လိုင်းမှာ ရည်းစား ၁၀၀၀ ထားရင်တောင် မိန်းခလေးအတွက် အပြင်မှာ တစ်ယောက်ထားတာလောက် အဖြစ်မဆိုးပါဘူး...။ အထူးသဖြင့် အနာဂါတ်မခိုင်မာတဲ့ နိုင်ငံရေးသမားတွေ၊ ညစ်ညမ်းရိုင်းဆိုင်းတဲ့ နိုင်ငံရေးသမားတွေကို ရှောင်ပါ... နိုင်ငံရေးသမားတွေဟာ အင်တာနက်ပေါ်က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆဲဆိုမိုက်ရိုင်းတတ်သလောက် မိန်းခလေးတွေကိုတော့ မျှော်လင့်ချက်အကြီးကြီးတွေကို ပတ်ချွဲနှပ်ချွဲနဲ့ ယုံကြည်အောင် ပြောတတ်ကြပါတယ်..။ မိန်းခလေးတွေကြွေအောင် ဘယ်နိုင်ငံကို ဘယ်လိုချိတ်လိုက်ရင် ဘာတွေဖြစ်မယ်၊ ဘာအခွင့်အရေးတွေရမယ်၊ ဘယ်နိုင်ငံတွေကို ကြိုက်သလိုသွားခွင့်ရမယ် ဆိုပြီး မိုးလောက်မြင့်တဲ့ မျှော်လင့်ချက်တွေ ပေးတတ်ကြပါတယ်..။ ဒါပေမယ့် ဘယ်နိုင်ငံရေးသမားမှ လူမွှေးလူတောင် ပြောင်ပြောင်ယောင်ယောင် တစ်ယောက်မှာ ခုချိန်ထိမရှိခဲ့ပါဘူး။

အွန်လိုင်းမှာ ရည်းစားထားကြတဲ့ မြန်မာမိန်းခလေး ၉၀ ရာခိုင်နှုံးကတော့ ရုရှားကစစ်ဗိုလ်တွေကို ပိုပြီးရွေးချယ်ကြတာ၊ ရည်းစားထားကြတာများပါတယ်.. ရုရှားကစစ်ဗိုလ်တွေနဲ့ ရည်းစားမထားဖို့ အစိုးရကို မကျေနပ်သူတွေက အမျိုးမျိုးပြောကြပေမယ့် လူအကြောင်းပေါင်းကြည့်မှ သိ ဆိုသလိုပဲ ပေါင်းကြည့်သူများက အတွင်းစိတ်ကို သိပြီး လေးစားအားကိုးမိကာ အနာဂါတ်သေချာတဲ့ လူတွေကို ဘဝအတွက်ရွေးချယ်ကြပါတယ်။

နိုင်ငံရေးသမားတွေထက် ရုရှားက စစ်ဗိုလ်တွေနဲ့ ရည်းစားထားသူက ဘာကြောင့်ပိုများနေရတာလဲဆိုရင်တော့ပ အဓိက က ပညာအရည်အချင်းနဲ့ ပြောဆိုနေထိုင်မှု အဆင့်အတန်း အရမ်းကွာခြားလို့ပါပဲ.. ပညာရှိသူတစ်ယောက်နဲ့ ပညာမဲ့သူတစ်ယောက် စကားပြောပုံခြင်း အရမ်းခြားနားတာ လူတိုင်းသိပါတယ်.. ဒီမိုကရေစီဘက်တော်သားဆိုသူတွေက ပညာမဲ့သူက ၉၉ ရာခိုင်နှုံးကျော်ဖြစ်နေပါတယ်.. နိုင်ငံရေးလောကမှာ အချင်းချင်း နိပ်ကွပ်ခံရသလောက်၊ နိုင်ငံခြားမှာ နိုင်ငံခြားသား အသီးသီးက ပညာမဲ့လို့ နိပ်ကွပ်ခံရသလောက် ကောင်မလေးတွေကိုတော့ သူတို့ကိုယ်သူတို့ ဆရာကြီးအထာနဲ့ ပြောတတ်ကြပါတယ်..

ရုရှားက စစ်ဗိုလ်တွေကို ရည်းစားထားတာက တခြားနိုင်ငံရေးသမားတွေထက် အများကြီးကောင်းပေမယ့် သာဓကတွေလည်း အများကြီးရှိပါတယ်.. ကောင်းတဲ့အချက်တွေကတော့ ကိုယ့်ဆီကိုမလာနိုင်တာရယ်၊ ကိုယ်နဲ့အတူမနေနိုင်တာရယ်၊ ပညာတတ်တာရယ်၊ ဘဝအာမခံချက်ရှိတာရယ် စသည်ဖြင့်ပါ.. ဒါပေမယ့် သူမလာနိုင်လို့ ကိုယ်ကသွားမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်.. မြန်မာ မိန်းခလေးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးရှိတဲ့ နိုင်ငံရပ်ခြားထိသွားပြီး အတူနေတယ်ဆိုတာ ပြောစမက်တွင်လောက်တဲ့ အမှားတစ်ခုပါ..

ရုရှားက စစ်ဗိုလ်ကို ကြိုက်မိ အတူနေမိလို့ နိုင်ငံရေးသမားတွေကို ကြိုက်မိ အတူနေမိသလိုမျိုး အတူနေထားတဲ့ ဗွီဒီယို ဖိုင်တွေ ထွက်မလာသေးဘူး၊ တိုက်ပေါ်က ခုန်ချသေ တဲ့ အဖြစ်မျိုးတွေ ပေါ်မလာသေးဘူး ဆိုပေမယ့် သတိရှိတာ အကောင်းဆုံးပါပဲ... ဘယ်သူ့ကိုမှ ထိခိုက်စေချင်တာ မရှိပါဘူး.. မြန်မာမိန်းခလေးအားလုံး ကံကောင်းကြပါစေ..
ကိုယ်တွေ့ဖြစ်ရပ်များစွာဖြင့်..
ယမင်း အဉ္စလီဦး (နော်ဝေ)

ဂျပန်က နိုင်ငံရေးသမားတွေကလည်း အမြဲတမ်းအရက်မူးနေတတ်ပြီး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်မလိုက်ပဲ ဘာမှနားမလည်တဲ့ သူ့မိန်းမကို ဆဲဆိုကြိမ်းမောင်ပြီး ဆန္ဒပြပွဲတွေ အတင်းသွားခိုင်းကြပါတယ်.. ပီးရင် ဆန္ဒပြလို့ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းထုတ်တွေကို မောမောပန်းပန်းပြန်လာတဲ့ မိန်းမတွေအရင် သူတို့က စားကြပါတယ်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....