Wednesday, May 11, 2011

မြန်မာပြည်၏ ဒီမိုကရေစီ မီးရှုးတန်ဆောင် လွပ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူ ဒေါ်အောင်ဆန်းစုကြည်

 Yangon PressInternational on Wednesday, May 11, 2011 at 9:01pm
၂၀၁၁၊ မေ ၂ ရက်မှာထုတ်ဝေတဲ့ အထူးထုတ် ကမ္ဘာကျော် တိုင်းမ် (TIME) မဂ္ဂဇင်းက ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်အယောက်(၁၀၀)အကြောင်းကို ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို တရုတ်ဒီမိုကရေစီရေးလှုပ် ရှားသူ ၀မ်ဒန်း(Wang Dan) က ရေးသားထားတာဖြစ်ပြီး မြန်မာပြန်ဆိုဖော်ပြလိုက်ပါတယ်။ TIME မဂ္ဂဇင်းကို ရန်ကုန်မြို့က စာအုပ်ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပေမယ့် ၄င်းအထုးထုတ် TIME မဂ္ဂဇင်းကိုတော့ ရောင်းချခွင့်မပြုခဲ့ပါဘူး။

ဝမ်ဒန်းရေးသားသည်

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်နဲ့ ၁၉၉၁-ခုနှစ်ရဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ အောင်ဆန်းစုကြည် (၆၅နှစ်) ဟာ အာရှသူရဲကောင်းဖြစ်ပြီး ကမ္ဘာကိုနိုးကြားစေသူတစ်ဦး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ၁၉၈၉ ခုနှစ်က တီယင်နန်မင်ရင်ပြင်လှုပ်ရှားမှု အတွင်း ကျွန်တော်တွန်းတွန်းတိုက်တိုက် လှုပ်ရှားခဲ့တဲ့အခါတုန်းက အဲဒီမတိုင်ခင်တစ်နှစ်လောက်ကဖြစ်ပွားခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီရေးဆန္ဒပြပွဲတွေမှာ စံနမူနာဖြစ်ခဲ့သူ စုကြည်ရဲ့အကြမ်းမဖက်တော်လှန်ရေးလုပ်ဖို့ သံန္နိဌာန်ဟာကျွန်တော့်အသိစိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက သူမဟာ နောက်ဆုံးအကြိမ်နေအိမ်အကျယ်ချုပ် ၇-နှစ်ကျော် ကျရာကနေပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဖျက်သိမ်းခံခဲ့ရတဲ့သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာပြည်ရဲ့အုပ်ချုပ်သူတွေကို တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ မတ်လတုန်းက တောင်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုရဲ့အများစုကာလကို အချုပ်အနှောင်ဘ၀နဲ့ ကုန်လွန်ခဲ့ရပေမယ့်လည်း စုကြည်ကတော့ ဒီမိုကရေစီရေးတိုက်ပွဲရဲ့ရှေ့တန်းကို ပြန်လာ ဖို့ပိုင်းဖြတ်ထားပါတယ်။


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....