Monday, May 9, 2011

အလင်းအိမ်မဂ္ဂဇင်း ၅နှစ်ပြည့်အထိမ်းအမှတ် နှင့် ၀တ္ထုတိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား



အလင်းအိမ်မဂ္ဂဇင်း ၅နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် ၀တ္ထုတိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို Ootsuka ရှိ Minami Ootsuka Hall ၌ ၂၀၁၁ ခုနှစ် မေလ(၈)ရက်နေ့ ညနေ ၅ နာရီ တွင် ကျင်းပခဲ့ပါသည်။

အယ်ဒီတာ မှ အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက်လာကြတဲ့ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ စာပေ ၀ါသနာရှင်များတို့မှ အလင်းအိမ်အတွက် ဂုဏ်ပြုစကားများ အသီးသီး ပြောကြား ခဲ့ကြပါသည်၊ ထိုနောက် ၀တ္ထုတို ပြိုင်ပွဲတွင် ၀င်ရောက် ယဉ်ပြိုင်သူများမှ ဆုရသူကို ကြောငြာပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ကျင်းပ ခဲ့ပါသည်။ ယင်းနောက် နှစ်သိမ့်ဆုရသူ မသီတာအောင် ၊တတိယ ဆုရသူ ကိုဘိုကြည်၊ ဒုတိယဆုရ သူ မလေးလေး (လေးလေး-တိုကျို)နှင့် ပထမဆု ရသူ ကိုမင်းမင်းသိမ်း (အလင်းအိမ်)အား ဆု အသီးသီးပေးအပ်ခဲ့ပါသည်

အခမ်းအနားကို အလင်းမဂ္ဂဇင်း အယ်ဒီတာမှ တတ်ရောက်လာကြသော သူများအား ကျေးဇူးတင် အမှာစကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို ညနေ ၈း၃၀၀ တွင် ရုပ်သိမ်း ခဲ့ပါသည်။ အလင်းအိမ် မဂ္ဂဇင်းမှ အသင်းသားများနှင့် စာပေ ၀ါသနာရှင်များ ၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း၊ ဓါတ်ပုံ - သာထက် (bcjp)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....