ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။
ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။
ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။
ကိုဇော်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။
Ref : Mizzima
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်