Saturday, December 11, 2010

၆၂ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနား(တိုကျို)

ယနေ့ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ၊(၁၀)ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့၊ SHIBUYA အရပ်ရှိ ကုလသမဂ္ဂ တက္ကသိုလ် အဆောက်အဦရှေ့မှာ ၆၂ နှစ်မြောက် နိုင်ငံတကာ “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုများ ၊နိုင်ငံခြားသား အဖွဲ့အစည်းများ ၊ ဂျပန် NGO,NPO အဖွဲ့များတို့နှင့်အတူ ပူးပေါင်း ညနေ ၃း၀၀ နာရီမှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒီမိုကရေစီအရေးကို အားပေးကူညီလျက်ရှိကြသော ဂျပန်လူမျိုးများ၊ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အပြည့်အဝ မရှိကြသေးသော တရုတ်၊ တိဘက်၊ အီရန်၊ ပီရူးအစရှိသော နိုင်ငံများမှ သက်ဆိုင်ရာ လူမျိုးအသီးသီး တို့က လည်းကောင်း၊ Human Right Watch, Human Right Now, Amnesty International တို့မှလည်းကောင်း ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေးနေ့ ကျင်းပခဲ့ကြပါသည်။ ပထမဦးစွာ ဂျပန်နိုင်ငံရှိ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ EBCမှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်စိုးမှ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းကို စတင်ဖတ်ကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ တက်ရောက် လာကြသော နိုင်ငံအသီးသီးတို့မှ မိမိတို့နိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများကို ပြောကြား ခဲ့ကြပါသည်။ ထိုအထဲတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိလျက်သော ၁၉၈၉ခုနှစ် တရုတ်နိုင်ငံ အရေးအခင်း၏ ဒုတိယ ကျောင်းသားခေါင်းဆောင်ဖြစ်သူလည်း ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ လူ့အခွင့်အရေးများ အဆုံးရှူံးကြီး ဆုံရှုံးလျက်ရှိကြသော မြန်မာနိုင်ငံ၏ အကျဉ်းထောင်များထဲတွင် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများအား ဦးတည်ထား၍ တကမ္ဘာလုံးရှိ လူ့အခွင့်အရေးဆုံးရှုံးလျက်ရှိသောသူများအတွက် သာသနာ့ဥသျောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ)၏ ဆရာတော်မှ ဦးစီး၍ မေတ္တာသုတ်များ ရွတ်ဖတ်ပေးခဲ့ပြီး ဖယောင်းတိုင် ထွန်းညှိခြင်းနှင့် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းခြင်း အစီအစဉ်ကိုပါ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ အပါအဝင် လူမျိုးအားလုံးစုပေါင်း၍ WE ARE THE WORLD သီချင်းကိုသံပြိုင်သီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားတွင် စုစုပေါင်း အင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။




ဓါတ်ပုံ။ ။ကိုမျိုးဆန်းဦး/ ဦးသန်းဝင်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....