Friday, December 10, 2010

တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၉)ရက်။

ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များအပါအ၀င် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

နအဖ အာဏာရှင်တို့မှ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားခြင်းအပေါ်အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ယခုလို လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပြီး ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်း အသီးသီး တာဝန်ရှိသူများတို့မှလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး ထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင် ခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများတို့ကို လေးစားသောအားဖြစ် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ PNS-Japan
မှတ်တမ်ဓါတ်ပုံ ။ SSND-Japan

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....