Saturday, November 27, 2010

ဂျပန်နိုင်ငံရောက် မြန်မာများသို့

၂၃-၁၁-၂ဝ၁ဝ နေ့က ကျင်းပသော ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲသူတို့က ဒေါ်အောင်ဆန်းစုကြည်ထံ “လူထုအသံ” အမှာစကား ရေးသားခဲ့ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မရေးသားနိုင်ခဲ့သူများအနေဖြင့် မည်သူမဆို၊ မည်သည့် နိုင်ငံသားမဆို အောက်ပါနေ့ရက်၊ အချိန်နှင့် နေရာတွင် လာရောက် ရေးသားနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

နေ့ရက်............၂၈-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)
အချိန်..............မွန်းလွဲ (၁) နာရီမှ ညနေ (၅) နာရီထိ

နေရာ..............Ruby Restaurant, Takadanobaba, Shinjuku-ku

ဆက်သွယ်ရန် ဖုန်း........ဆိုင် - 03-3204-5121
လက်ကိုင်ဖုန်း -.............. 080-5888-3925

မှတ်ချက် - ၂၈-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)တွင် အစည်းအဝေးရှိသည်ဟု ဆက်သွယ်ပြောဆိုထားသော အဖွဲ့အစည်း သုံးဖွဲ့မှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့အဖွဲ့၏ အစည်းအဝေး၌ ရေးသားနိုင်အောင် စီစဉ်ထားရှိပြီး ဖြစ်ပါသည်။


ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....