Sunday, September 12, 2010

CRPP ဖွဲ့စည်းတည်ထောင်ခြင်း(၁၂)နှစ်ပြည့် အထိမ်းအမှတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနား(တိုကျို)။









၂၀၁၀ စက်တင်ဘာလ (၁၂) ရက်။

ပြည်သူ့လွတ်တော် ကိုယ်စားပြုကော်မတီ(CRPP) ဖွဲ့စည်းတည်ထောင်ခြင်း(၁၂)နှစ်ပြည့် အထိမ်းအမှတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးစီး၍ှ တိုကျိုမြို့ Toshima-ku Minami OTsuka, DAI(1) ခမ်းမ၌ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်တွင် ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော ရွှေဝါရောင် ဦးဆောင် သံဃာတော် အရှင်ထာဝရမှ မိန့်ကြားရာမှာ အနှစ် ၂၀ အားနည်းချက်တွေ ပြန်သုံသပ်ပြီးတော့ တာဝန်ရှိရင် တာဝန်သိတဲ့စိတ်တွေ မွေးကြဖို့ အလွန်အရေးကြီးနေတဲ့ အချိန်မှာ ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ညီညွတ်စွာ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပြောကြား သွားပါသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသည့် အဖွဲ့အစည်း အသီးသီးတို့မှလည်း CRPP ၏ ရပ်တည်ချက် သဘောထားတွေကို ဆွေးနွေးပြောကြား သွားခဲ့ကြပြီး တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးတို့မှ CRPP နှင့် NLD တို့က ကြားဖြတ်အစိုးရ ဖွဲ့ရင် ထောက်ခံအားပေး ၀ိုင်းရန်ကြဖို့၊၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားကြဖို့နှင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဆန့်ကျင်တိုက်ဖျက်သွားမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်ထည်ဖေါ် လုပ်ဆောင်သွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။

CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား ပါတီအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် CRPP အစည်းအဝေးတွင် စစ်အစိုးရ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေး ရှိသဖြင့် ပြည်သူများအနေဖြင့် မဲရုံသို့ မသွားဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြောင်းကို တွေ့ရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan),MYO SAN OO(BDA)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....