Monday, September 13, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) လုပ်ငန်းစဉ် ညှိနှိုင်းစည်းဝေး


၂၀၁၀ စက်တင်ဘာလ (၁၂) ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်းအားစုများမှ ပူးပေါင်းပါဝင်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee ( Japan )၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေးကို ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ အထိ Takadanobaba Recycle Center 4F မှာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

နအဖ စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲ့ ကို Global Action Campaign ဆန့်ကျင်ဆန္ဒပြ မည့် စက်တင်ဘာ ၁၈ ရက်နေ့ လုပ်ငန်းစဉ်များကို တာဝန်ခွဲ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ၃ နှစ်ပြည့် ရွေဝါရောင်တော်လှန်ရေး ဆုတောင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သွားကြရန်အတွက်  ဆွးနွေးခြင်းနှင့် ဂျပန်နိုင်ငံတွင်း စုပေါင်းဆောင်ရွက်သွားကြမည့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo ( PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....