Sunday, September 12, 2010

ဦးခွန်ထွန်းဦး၏ (၆၇)နှစ်ပြည့်မြောက် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ(တိုကျို)





၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်။

သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၇)နှစ်ပြည့်မြောက် မွေးနေ့အတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှဦးစီး၍ှ SUGAMO အရပ်ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဂျပန်-ဌာနခွဲ)ဘုန်းကြီးကျောင်း၌ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲမှာ ကျမ္မာစေရန်နှင့် အမြန်ဆုံးလွတ်မြောက်ရန်အတွက် သံဃာတော်များ ဆွမ်းကပ်လှူဒန်းခြင်း ကောင်းမှုကုသိုလ် အလှူဒါနပြခြင်း အစီအစဉ်ကိုပါ နံနက်(၇)နာရီမှ နေ့လည် (၁၄း၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးခွန်ထွန်းဦးသည် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ သိန္ဖီမြို့၌ မွေးဖွားခဲ့ပြီး ဖခင်စ၀်ကြာဇုံသည် သီပေါစော်ဘွား စ၀်ကြာဆိုင်၏ အစ်ကိုဖြစ်သည်။ သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့ စည်းမှု စွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ်စီရင်ချက်ချကာ ဥက္ကဌကြီးအား ရာသီဥတု ဆိုးဝါးလှသော ကချင်ပြည် ပူတာအိုထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးရာ စီးပွါး ရေးပိုင်ဆိုင်မှုများကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့သည်။

ဦးခွန်ထွန်းဦး၏ တိုင်းပြည်အပေါ် စွန့်လွတ်အနစ်နာမှုတွေကို လေးစားသေားအားဖြစ် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ နံနက် ၇ နာရီမှ ညနေ ၁၄း၀၀ နာရီအတွင်းမှာ ဦးခွန်ထွန်းဦး၏  မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲတက်ရောက်ကြကြောင်း တက်ရောက်ခဲ့ကြသည့် ဧည့်ပရိတ်သတ် များတို့ကို သျှမ်းခေါက်ဆွဲဖြစ် ပြန်လည်ဧည့်ခံပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo ( PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan),MYO SAN OO(BDA)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....