Saturday, September 25, 2010

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က အောက်တိုဘာလ(၁၆)ရက်နေ့မှာ ပေ(၁၆၀)အမြင့်ကခုန်ချတဲ့နိုင်ငံရေးလှုပ်ရှားမှု


(၈၈)မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ကိုမြအေး

 မဝေနှင်းပွင့်သုန်

၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမြအေး၏သမီးဖြစ်သူ မဝေနှင်းပွင့်သုန်သည် လာမည့်အောက်တိုဘာ(၁၆)ရက်နေ့တွင်လန်ဒန်မြို့ရှိ 02 Arena အမည်ရှိအားကစားရုံ၏ ပေအမြင့်(၁၆၀)ရှိသောနေရာမှ အောက်သို့ခုန်ချမည့် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုကိုပြုလုပ်မည် ဖြစ်ကြောင်းသိရပါသည်။
ယခုအခါ အသက်(၂၁)နှစ်ရှိပြီဖြစ်သော မဝေနှင်းပွင့်သုန်သည် အင်္ဂလန်နိုင်ငံရှိ Burma Campaign UKတွင် Campaigns Officerအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
သူမသည် အမြင့်ကြောက်သူတစ်ဦးဖြစ်သော်လည်း ယခုစွန့်စားမှုကို ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ဖခင် ကိုမြအေးနှင့်၂၁၀၀ကျော်သောနိုင်ငံရေးအကျဉ်းသားများအတွက် စွန့်စားသော နိုင်ငံရေးလှုပ်ရှားမှုဖြစ်ကြောင်းလည်းသိရပါသည်။ 

သူမ တာဝန်ထမ်းဆောင်နေသော Burma Campaign UKသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့လျက်ရှိသောကြာင့် သူမအနေဖြင့်လည်း Burma Campaign UK၏ လုပ်ငန်းစဉ်များကို မြှင့်တင်ပေးလိုသော ဆန္ဒရှိသဖြင့် ယခုကဲ့သို့သော လှုပ်ရှားမှုကိုပြုလုပ်သည်ဟု ဆိုပါသည်။ သူမ၏လှုပ်ရှားမှုကိုလည်းထောက်ခံအားပေးစေလိုပါသည်။
သူမ၏ဖခင်ကိုမြအေးမှာ ယခုအခါ မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်ထဲ၌ ထောင်ဒဏ်(၆၅)နှစ်ကျခံနေရသူဖြစ်ပါသည်။''ထောင်ထဲက အဖေ့ကိုတွေးမိလိုက်တိုင်း ငိုရတယ်''ဟုသူမကပြောပါသည်။
ဖခင်ကို ဒီတသက်ပြန်မှတွေ့ရပါ့မလားဟုလည်း တွေးမိခံစားရကြောင်း၊သို့သော်လည်း ဖခင်အတွက်အလွန်ဂုဏ်ယူကြောင်းနှင့်သမီးတယောက်အနေဖြင့် ဖခင်ကို
အလွန်လည်း ချစ်ကြောင်းပြောပါသည်။
သူမကိုမွေးသည့်အချိန်တွင် ကိုမြအေးမှာထောင်ထဲတွင်ဖြစ်ပါသည်။သူမ ပထမဦးဆုံး ဖခင်ကိုတွေ့ဖူးသော အချိန်က အင်းစိန်ထောင်ထဲကသံတိုင်တွေကြားမှာဖြစ်ပါသည်။

ထိုအချိန်က သူမအသက်မှာ (၄)နှစ်သာရှိပါသေးသည်။
သူမဟာ ဖခင်မဲ့စွာကြီးပြင်းလာခဲ့ရသူလေးပါ။
ယခုအခါမှာတော့ သူမဟာဖခင်ကို ဘယ်တော့မှပြန်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စရပ်မျိုးကို လုံးဝလက်မခံတော့ပဲ သူမဖခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ကို အစွမ်းကုန်ကြိုးစားသွားမယ်လို့ သံဓိဌာန်ချထားပါတယ်။
သည့်အတွက်အားလုံး၏ အကူအညီလိုပါသည်။
ဝိုင်းဝန်းကူညီကြပါစို့။

သတင်းရင်းမြစ်။ ။http://www.bmycharity.com/V2/jumpforfreedom

1 comment:

  1. I dont see any relation between this activity and the liberation of the political prisoners.In my opinion, Ma Wai Hnin Pwint Thone should pay attention on other things rather than this kind of risky activity. Save ur time, save ur energy and save ur life for the things (such as public speaking)that suit more with u. Coz now-a-days, not many Myanmar people such opportunity, skill and guts like u.I m no exception. Hope my comment help u to some extent.BTW, I m one of ur audience and fond of ur brilliant public speech so much.Just Go on and same wish for ur father and all other political prisoners in Myanmar

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....