Saturday, July 3, 2010

ဘဘဦးတင်ဦးနှင့်ဘဘဦးဝင်းတင်တို့ အကျဉ်းကျနေသူများအတွက်အားပေးမှုများလုပ် သတင်းဓါတ်ပုံများ

၂.၇.၂၀၁၀ သောကြာနေ့မှာ ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောပါတယ်။ ပထမ သွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်ကတော့ ရန်ကင်းမှ ကိုဇာဂနာ အိမ်ဖြစ်ပါတယ်။ ကိုဇာဂနာ အိမ်မှာပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်း ဖိတ်ထားတဲ့အတွက် လာေ၇ာက်တာ တွေ့ရပါတယ် ဘဘ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲအရင်ရောက်ရှိလာပါတယ် ၉ ခွဲခန့်တွင် ဘဘဦးတင်ဦး တို့ရောက်ရှိလာပြီး ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ပါတယ် ထို့နောက် ကိုဇာဂနအဖေ ဦနန်းညွန့်ဆွေ၊ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင် အားတို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ ထိုမှဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ် ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသားကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့တွေ့ဆုံ အားပေးစကား ပြောကြားပါတယ် ရာဟု(ခ)ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့် ရောက်မလာပါဘူး (ဘာကြောင့်ဆိုတာမသိပါ စုံစမ်းပေးပါ့မယ်) အားပေးစကား ပြောကြားပြီး အကျဉ်းကျသူများအတွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ပြန်လည် ထွက်ခွာကြပါသည်။



ပေးပို့သော မျိုးဆက်သစ်လူငယ်များအား ကျေးဇူးတင်ပါသည်။
နောက်ကျပြီးတင်ကို ခွင့်လွှတ်စေခြင်ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....