Friday, July 2, 2010

ဂျပန်နိုင်ငံနာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်းအကြောင်း တစေ့တစောင်း...

ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။ (သတင်း ဧရာဝတီ)
အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။



ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်ကို ရရှိခဲ့ပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သတ်နေသူတွေသာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လပ်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့ GRW မှပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။
ထပ်ဆင့်ပေးပို့သူ ကိုဒီမိုဝေယံ(ဂျပန်)အားကျေးဇူးတင်ရှိပါကြောင်း။

1 comment:

  1.ိုဘိုသန့်ဇော်သန်းက ကြာကူလီမကဘူး ဂန်ဒူးတဲ့ စစ်သက္ကသိုလ်မှာ ပြဿနာပေါ်ဘူးတယ် ဓါတ်ပုံနှစ်ပုံက ပိုစ့်တွေကိုက ယောကျာင်္းလေးအထာမှမဟုတ်တာ ၀င်းဦးစတိုင်ကြီး လုပ်နေတာကိုက သက်သေဖြစ်နေတယ်
    သန့်ဇော်သန်းရေ မင်းရဲ့ Master တက်တဲ့အရည်ချင်းကိုလေ သနားတယ် ငါတို့ US က Level(2) လောက်နှင့်ယှဉ်ရင် မင်းခွေးအကြီးဖြစ်နေမှာ မင်းဂျပန်က ဘလောက် Cbox တွေမှာ ဂန်ဒူးအထာနှင့် လိုက်အော်နေရင် ကြာရင် မင်းသွားတွေထွက်ကုန်မယ် ဟုတ်ပြီလား မင်းတို့ ဘိုမတွေ မော်စကိုမှာ ဂိုဏ်းစတားတွေ ပါးရိုတ် ခြေရိုတ်ချိုးတာတောင် မင်းဘဘတွေ ရူးခြင်ယောင်ဆောင်နေရတာ မင်းကိုဆို ပိုက်ဆံပေးလိုက်ရင် ယာဂူဆာတွေက ငါ့ဆီမင်းအရိုးပြာပို့ပေးမယ် ဂန်ဒူးဘိုသန့်ဇော်သန်း အေးအေးဆေးဆေး ပါးစပ်ပိတ်ပြီး အရှက်နဲစွာ မင်းအဖေတွေ လိမ်ထားတဲ့အတိုင်း အရပ်သားအဖြစ်နှင့် ပညာသင်ပြီးပြန် ဟုတ်လား။ ဂျပန်ရောက်နေတဲ့လူတွေလဲ မင်းတို့ဒုက္ခပေးထားတာတွေ အများကြီးပါတော့ လူဘဲကွာ မင်းလိမ်ပြီးရောက်နေတာ သိတော့ နည်းနည်းတော့အော်မှာပေါ့ မင်းကဟုတ်နေတာဘဲ သည်းခံပေါ့ကွ အခြောက်ပီပီ နှုက်သီးကောင်းလျှာပါး လုပ်မနေနှင့် ဟုတ်လား။ မင်းသိထားဘို့က မင်းမြန်မာပြည်မှာ မဟုတ်ဘူး ဂျပန်မှာ အရပ်သားဘ၀နော်

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....