Sunday, July 4, 2010

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဂျပန်ဋ္ဌာနခွဲ ဖွင့်လှစ်ခြင်းအခမ်းအနား။ သတင်း ဓါတ်ပုံ


အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် (International Burmese Monks Organization) IBMO ဂျပန်ဋ္ဌာနခွဲ ရုံးခန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၀ခုနှစ်ဇူလိုင်လ(၃)ရက် ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် RENGO(JTUC) ရုံးခန်း၌ နေ့လည် ၂း၀၀ နာရီတွင်ကျင်းပခဲ့ရာ ကနေဒါနိုင်ငံ၌ သတင်းသုံးတော်မူသော IBMO ဒုဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒ မှ လာရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနား အစီအစဉ်ကို နမောသတ္တ ၃ ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဦးကောဝိဒထံမှ ငါးပါးသီလ ခံယူပြီးနောက် ဆရာတော် ဦးကောဝိဒ မှ IBMO ဂျပန်ဌာနခွဲ့ လာရောက်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သြ၀ါဒ မိန့်ကြားခဲ့ရာမှာ  မြန်မာနိုင်ငံတွင် တိုင်းပြည်ကို အနှစ် ၅၀ ကျော် မတရားဖိနှိပ် အုပ်ချုပ်လာသော မင်းဆိုးမင်းညစ်များကြောင့် ပြည်သူလူထုများမှ ဒုက္ခဆင်းရဲကျပ်တည်းခံနေရသည့်ဘ၀ကို မကြည့်ရက်သည့်အတွက် ယခုလို သံဃာတော်များ သွားလာလှုပ်ရှားနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းသွားစေရန်နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့်  မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများကို အသိအမှတ်ပြု လာရောက်အားပေး ချီးမြောက်ခြင်းဖြစ်ကြောင်း အကျယ်တ၀င့် မိန့်ကြားသွားပါသည်။

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာသံဃာ့အဖွဲ့ရုံး (International Sangha Organization )ISO ရုံးခန်းတာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်(IBMO)နှင့် အဆက်အသွယ်မရရှိခင်စပ်ကြားမှာ ISO ရုံးခန်းကို ယာယီဖွင့်လှစ်ထားခဲ့ကြောင်း ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် (International Burmese Monks Organization) IBMO နှင့် အဆက်အသွယ် ရရှိလာသည်အတွက် IBMO(ဂျပန် ရုံးခွဲ)ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း မိန့်ကြားသွားပါသည်။

တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ အမှာစကားပြောကြားပြီးသည့်နောက် IBMO ဒုဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒ မှ ရုံးခန်းဖွင့်လှစ်ပွဲ့သို့ တက်ရောက်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် စုပေါင်း၍ တိုက်တွန်းတောင်းဆိုသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါသည်။ ဆုံဖြတ်ချက်များတွင် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း လက်မခံကြောင်း၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်အသိအမှတ်ပြု ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကြားမှ ပေါက်ဖွားလာသည့် NLD ပါတီကို ဆက်လက်ပြီး အသိအမှတ်ပြု အားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများနှင့် မတရား အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်နှင့် မြန်မာပြည်ကို အုပ်ချုပ်နေသော စစ်တပ်သည် မိမိမူလနေရာကို ပြန်သွားပြီး တိုင်းပြည်ကာကွယ်ရေးကိုသာ လုပ်ဆောင်သွားရန် စသည်တောင်းဆိုချက်များပါ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါသည်။ဖွင့်ပွဲအခမ်းအနားကို ညနေ ၄း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။
သတင်းမှတ်တမ်း၊။ Mai Kyaw Oo(PNS_apan)


ဓါတ်ပုံ။ ။Aung Htoo Thein(JAPAN)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....