Saturday, June 19, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၅)နှစ်ပြည့်မွေးနေ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ မွေးနေ့လက်ဆောင်ဂုဏ်ပြုသ၀ဏ်လွှာ

၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့သည် မြန်မာနိုင်ငံပြည်သူလူထု၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၅) နှစ်ပြည့် မွေးနေ့ဖြစ်ပါသည် ။ ဤသက်တမ်းသည် ဖွံ့ဖြိုးမှုနိမ့်ကျသော မြန်မာနိုင်ငံတွင် လူ့သက်တမ်းကုန်ဆုံးသော ကာလသက်တမ်းပင် ဖြစ်သည် ။ လူသားတဦးအနေဖြင့် ဘာသာတရားသဘောအရ တရားဘာဝနာပွားများရမည့် တတိယအရွယ်ပင်ဖြစ်သည် ။ တရားရှာရ မည့်အရွယ်ဟု ဆိုလိုခြင်းဖြစ်သည် ။ သို့သော်လည်း

 မြန်မာပြည်သူလူထု၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမိ မြန်မာပြည်သူများ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ၊ တိုင်းပြည်အေးချမ်းသာယာရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီရရှိရေးအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေရသည်မှာ ဆယ်စုနှစ် (၂)ခုပင်ကျော်လာခဲ့ပေသည် ။ အသက်အရွယ်အရ တရား ဘာဝနာပွားများပြီး တရားအားထုတ်ရမည့်အစား နိုင်ငံအရေးကိုသာ လုံ့လစိုက်လုပ်ကိုင်နေရလေသည် ။ ဤအားထုတ်မှုသည် တိုင်း ပြည်နှင့် လူမျိုးပေါင်းစုံပြည်သူလူထုကြီးအတွက် အတ္တကိုယ်ကျိုးစွန့်၍ လုပ်ကိုင်ခြင်းဖြစ်သည်ကို ပြည်သူတရပ်လုံးသာမက ကမ္ဘာ့ပြည် သူများပါသိကြလေသည် ။ ဤသို့အားထုတ်ကြိုးပမ်းနေမှုအတွက် မိမိတို့သံဃာတော်များမှ သာဓုအကြိမ်ကြိမ်ခေါ်၍ ကောင်းချီးပေးပါ သည် ။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အများပြည်သူလူထုအတွက် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင် နေသော အာဇာနည်သူရဲကောင်အပေါင်းတို့အား မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ လေးစားဂုဏ်ယူပါကြောင်း တိုင်းပြည်၏သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါသည် ။

မိမိတို့ သံဃာတော်များသည်လည်း ဒီမိုကရေစီရေးတိုက်ပွဲဝင်နေသော ကိုယ်ကျိုးစွန့်အနစ်နာခံ သူရဲကောင်းရဲဘော်များနှင့်အတူ လက် တွဲချီတက်မည်ဖြစ်ကြောင်းကိုလည်း ဤမင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် ထုတ်ဖေါ်အသိပေးအပ်ပါသည် ။ ဤတိုက်ပွဲသည် တရားနှင့် ညီသောလုပ်ရပ်ဖြစ်သည်ဟု ခံယူသတ်မှတ်သည် ။ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများအားလုံးအနေဖြင့်လည်း ညီညီညွှတ် ညွှတ်စုစည်း၍ ဘုံရန်သူစစ်အုပ်စုအား အမြစ်ပြတ်တော်လှန်တိုက်ပွဲဝင်ကြရန် ဤမွေးနေ့သ၀ဏ်လွှာတွင် ထည့်သွင်းနိုးဆော်လိုက်ပါ သည် ။
ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၅)နှစ်ပြည့် မွေးနေ့မှသည် သက်တော်ရာကျော်ရှည်စွာနေထိုင်ပြီး တိုင်းပြည်နှင့်ပြည်သူလူထု အ တွက် ဆထက်ထမ်းပိုး နိုင်ငံရေးတာဝန်များကို ကျန်းကျန်းမာမာဖြင့် လုပ်ကိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ။ ဘေးဘရာကင်းဝေးပြီး အေးချမ်းစွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နို်င်ပါစေဟု မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အ ဖွဲ့ကြီးမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည် ။

- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ။
- ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ ။
- ဒီမိုကရေစီတော်လှန်ရေး အောင်ရမည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

ABMA to DASSK

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....