Saturday, June 19, 2010

အမေစုအတွက် မွေးနေ့လက်ဆောင်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ကဗျာ


မြစ်တို့ ရဲ့ မာယာ
ကောက်ကွေ့ စွာနဲ့ 
ပရိယာယ်သုံး
မာယာမှုန်းသတဲ့
ကြားဖူးခဲ့လည်း ။

မြစ်ပြင်ဧရာ
ပမာတူစွာ
မိခင်မြန်မာ
ဝင်ကာ မ ဖေး
သူ့ အရေးထက်
ပြည်ရေးတွေးချင့်
စီးမျောခဲ့စဉ် ။

တခါတရံ
မုန်တိုင်းထန်၍
တရံတဆစ်
မိုးကြိုးထစ်ပြီး
ရံဖန်ရံခါ
ရာသီကဆိုး
လူအမျိုးမျိုး
ဆိုးကျိုးပေးလည်း
အားကိုမလျော့
မာန်မဖျော့ပဲ
မခြောက်မခန်း
လန်းလျက်သာ
စီးဆင်းဖြာဆဲ
မိမာတာအသွင်
ကျမ်းခန့် စင်သည်
သက်တော် ရာကျော်စေသတည်း ။

သံလွင်ခ(သီတာအောင်)
ဇွန် ၁၁ ၂၀၁၀

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....