Wednesday, May 12, 2010

ဗိုလ်မှူးချုပ်အောင်သိန်းလင်း သမီးစုမျိုးသွယ် အကြောင်း ဂျပန်အစိုးရနှင့် NGO များကို ဂျပန်ဘာသာဖြင့် စာပို့

ဂျပန်အစိုးရ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Katsuya OKADA နှင့် ပြည်ထဲရေးဝန်ကြီး ဌာန(MEXT) သို့ ဂျပန်လိုေ၇းသားထားသော စာကိုပေးပို့ခဲ့ပါသည်။
ရေးသားထားသောစာ၏မြန်မာလို ဘာသားပြန်အဓိပ္ပါယ်အား ဖေါ်ပြလိုက်ပါသည်။

လေးစားအပ်ပါသော
ဂျပန်အစိုးရအာဏါပိုင်များနှင့် မြန်မာ့ဒီမိုကရေစီရေးကို အားပေးသော NGO အသီးသီးမှ ပုဂ္ဂိုလ်များရှင့်

မြန်မာနိုင်ငံကို မတရားအာဏါသိမ်းထားသော စစ်အစိုးရ နအဖ မှ ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ရန်ကုန်မြို့တော်သူမြို့သားများကို နှိပ်စက်နေသော နအဖ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်ပါသည်။ စက်တင်ဘာ ၂၀၀၇ ခုနှစ်တွင် သံယာတော်များအား အကြမ်းဖတ်နှိမ်နင်းသတ်ဖြတ်မှု၊ သည့် ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်း ဘေးခံရသည့် ဒုက္ခသည်များအပေါ် စောင့်ရှာက်ပေးမှု ပေါ့လျော့ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမြှင့်မှု နှင့် ၂၀၁၀ ရွေးကောက်ပွဲကို မတရားကျင်းပမှုတို့အား ဂျပန်အစိုးရမှ သိရှိပြီးသည့်အပြင် နိုင်ငံရေးအကျဉ်းသားများနှင့်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဂျပန်အစိုးရ၏ မေတ္တာရပ်ခံချက်ကိုလည်း ဂရုမပြုသော စစ်အစိုးရလည်းဖြစ်သည်၊ ထိုအချက်ကိုလည်း ဂျပန်အစိုးရမှ စိတ်ပျက်မိကြောင်း သတင်းများမှာ ဖတ်ကြားမိပါသည် မြန်မာနိုင်ငံသူနိုင်ငံသားများ အပေါ် စေတနာထားသော ဂျပန်အစိုးရ၏ သဘောထားကိုလည်း လွန်စွာ ၀မ်းသာအားရမိပါသည်။

သို့သော်လည်း မြန်မာစစ်အစိုးရလို ဆိုးသွမ်းသောအစိုးရ အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏  သမီး စုမျိုးသွယ်သည် ၂၀၀၅ ခုနှစ်မှစတင်ပြီး ဂျပန်အစိုးရ ပညာတော်သင်စရိတ်ဖြင့် ဂျပန်နိုင်ငံရောက်ရှိနေကြောင်း မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှု့ မြေအောက်သတင်းများမှ ဓါတ်ပုံများဖြင့် ခိုင်လုံစွာ သတင်းများထွက်သိရှိရသဖြင့် လွန်စွာအံ့သြ တုန်လှုပ်မိပါသည်။
စုမျိုးသွယ်သည် Tokyo Kaiyo တက္ကသိုလ်မှာ Marine Bio ဘာသာရပ်ဖြင့် ၂၀၀၈ ခုနှစ်တွင် MSC အောင်မြင်ခဲ့ပြီး ယ္ခုအခါ PHD ဆက်လက် တက်ရောက်နေကြောင်း လည်း ထိုသတင်းများမှာ ရေးသားထားပါသည်။

လေးစားအပ်သော လူကြီးမင်းများရှင့်
ကျမအနေဖြင့် ထိုသတင်းအရ ဂျပန်အစိုးရအား မေတ္တာရပ်ခံလိုပါသည်  မြန်မာစစ်အစိုးရ ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ သမီးစုမျိုးသွယ်ကို ဂျပန်အစိုးရ ပညာတော်သင်အဖြစ်လက်ခံထားခြင်းမှာ မတရားသည့်စစ်အစိုးရကို အားပေးကူညီသည် သဘောသက်ရောက်သည့် အပြင် စုမျိုးသွယ်သည် ပညာသင်ကြားပြီး မြန်မာနိုင်ငံရောက်သည့်အခါ အစိုးရ အရာရှိကြီးတဦးဘ၀ဖြင့် စစ်အစိုရအာဏါတည်မြဲရေး ဆောင်ရွတ်သွာမည့် သူဖြစ်ပါသည် ဒါကြောင့် ဂျပန်အစိုးရ တာဝန်ရှိသူများမှ စီစစ်ဖေါ်ထုက်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ငဲ့ညှာသောအားဖြင့် စုမျိုးသွယ်အားထောက်ပံ့နေမှုကို ရပ်ဆိုင်းသင့်ပါသည်။ မြန်မာစစ်အစိုးရသည် ဂျပန်အစိုးရ၏ ရိုးသားသောကူညီမှုနှင့် လူသားအခြင်းခြင်း စာနာထောက်ထားမှုများကို အလွဲသုံးစားလုပ်ကာ စစ်ဘက်ဆိုင်ရာအရာရှိများကိုလည်း အရပ်သားဆရာဝန်အဖြစ် လိမ်လည်ပြီး ပညာတော်သင်လွှတ်နေကြောင်းလည်း ကြားသိရပါသည် ထိုကြောင့် ဂျပန်အစိုးရတာဝန်ရှိသူများမှ ဖေါ်ထုက်စစ်ဆေးပြီး မရိုးသားသော အရပ်သားအယောင်ဆောင် စစ်တပ်မှအရာ၇ှိ ပညာတော်သင်များကို ထောက်ပံ့နေမှု ရပ်ဆိုင်းပေးပါရန် ပန်ကြားအပ်ပါသည်။ ထို့မှသာ ဂျပန်အစိုးရ၏ စေတနာနှင့်ထောက်ပံ့မှုများကို မြန်မာနိုင်ငံမှ အရပ်သားများခံစားခွင့် ရရှိနိုင်ပါမည်။
ကျမ၏ မေတ္တာရပ်ခံချက်များသည် ကျမပုဂ္ဂိုလ်ရေးခံစားမှုလုံးဝပါရှိခြင်း မရှိဘဲ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအကျိုးအတွက် လည်းကောင်းတို့ ကိုယ်စားပြောကြားခြင်းသာ ဖြစ်ပါသည်။ ဂျပန်အစိုးရ၏ မေတ္တာစေတနာအမှန်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများ သိရှိအောင် ပြသမည်ဟုလည်း ကျမယုံကြည်ပါသည်။

လေးစားစွာဖြင့်
အေးနန္ဒာအောင်
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ

ဂျပန်လိုရေးထားသည်ကို ဖတ်လိုပါက ဒီမှာပါ

1 comment:

  1. အေးနန္ဒာအောင်

    လေးစားပါတယ်။

    စုမျိုးသွယ်ရဲ့ JP Pageမှာ အင်္ဂလိပ်လိုပေါင်းတာ မှားနေတယ်။

    အမှန်.....SU MYO THWE
    ............
    Thanks

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....