Wednesday, May 19, 2010

နအဖ စစ်သား ၆ ဦး လက်နက်ခဲယမ်းမီးကျောက် အများအပြားနှင့်အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ထံ လက်နက်ချ

နအဖ စစ်တပ် ခလရ ၂၃၂ တပ်ရင်းမှ တပ်ကြပ် တဦး အပါဝင် ရဲဘော် ၆ ဦးသည် စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး တဦးအား သတ်ဖြတ်ပီး လက်နက် ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် - ALA နှင့် မေလ ၁၆ ရက်နေ့က လာရောက် ပူးပေါင်းခဲ့သည်ဟု ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီ သတင်းနှင် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူးပေါင်းလာသူ နအဖ စစ်သားများမှာ ကိုယ်ပိုင်အမှတ် တ/ ၇၅၁၈၄ တပ်ကြပ် သန်းအေး၊ ကိုယ်ပိုင်အမှတ် တ/ ၁၁၆၅၇၄ ဒုတပ်ကြပ် မိုးအောင်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၈၅ ဒုတပ်ကြပ် ဇော်ဇော်ဟန်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၄၃ ဒုတပ်ကြပ် မောင်မောင်နိုင်၊ ကိုယ်ပိုင်အမှတ် တ/ ၄၀၁၃၃၆ တပ်သား ဇော်မင်းဦးနှင့် ကိုယ်ပိုင်အမှတ် တ/ ၄၂၃၁၄၈ တပ်သား စန်းဝင်းတို့ ဖြစ်ကြသည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) အမျိုးအစား လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး စစ်ကြောင်း (၁) အရံတပ်စု အဖြစ် ပလက်ဝမြို့နယ် မြိတ်ဝ စခန်းတွင် တာဝန် ကျနေစဉ် စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်း လုပ်မူများကို မခံနိုင်သဖြင့် သူ့အား သတ်ဖြတ်ပီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ကုလားတန် မြစ် အခြေစိုက် စခန်းသို့ အဆိုပါ လက်နက်များနှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။

ခမရ ၂၃၂ သည် အိန္ဒိယ- ရခိုင်နယ်စပ် ပလက်ဝမြို့နယ် ငွေလက်ဝ စခန်းတွင် တပ်စွဲထားပြီး အဆိုပါ တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး ကျော်မိုးဟိန်း ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နအဖ စစ်တပ်အတွင်း အထက်အောက် မညီညွှတ်ခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ အလုပ်ဒဏ်ပိခြင်း အပြင် တပ်မတော်မှာ တပ်မတော် တရပ်အသွင်မျိုး မဟုတ်ဘဲ ကြေးစားတပ်မတော်ကဲ့သို့ ဖြစ်လာသဖြင့် တိုင်းပြည်ချစ်သူ စစ်သားများမှာ မကြာခဏ ထွက်ပြေး တိမ်းရှောင်မူများ ရှိနေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ သတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....