Friday, April 23, 2010

မဲ့ဆောက်ဒေသအတွင်း နာရေးကူညီိမှုဆိုင်ရာဆွေးနွေးမှု

၂၂ ၊ ၄ ၊ ၂၀၁၀ ရက် တွင် OIAတွင်ပြုလုပ်သော မဲ့ဆောက်ဒေသအတွင်း နာရေးကူညီိမှုဆိုင်ရာဆွေးနွေးမှု
များကို KSGB၊မြန်မာအလုပ်သမားများကွန်ယက် ၊ OIA ၊ ရောင်ခြည်ဦး ၊ ဦးဥတ္တမ နာရေးကူညီမှုအဖွဲ့အစရှိသည့် လူမှုရေးဖွဲ့ ၅ ဖွဲ့ နှင့် ကိုအရှည်ကြီးတို့မှ( နာရေးကူညီမှု အသင်း မဲ့ဆောက်)ခေါင်းစဉ်ဖြင့်လှုပ်ရှားဆောင်ရွက်ကူညီကြမည်ဖြစ်ကြောင်း အခြေခံသဘောတူညီမှုရရှိပါသည်။ ဆက်လက်၍အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ကြသေးသည့် အဖွဲ့များကိုလည်း
ထပ်လောင်းပါဝင်အားဖြည့်ကြရန်အတွက် ဒုတိယပတ်အစည်းအဝေးကို ၂၆ ၊ ၄ ၊ ၂၀၁၀ နံနက်
၉း ၀၀ အချိန်တွင် အဝေးရောက် ဧရာဝတီရုံး၌ ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသောကြောင့်
အလုပ်သမားအရေးနှင့် လူမှုရေးလုပ်ငန်းများကိုကူညီဆောင်ရွက်နေသော
အဖွဲ့အစည်းအသီးသီးရှိလူကြီးမင်းများအား အဆိုပါအစည်းအဝေးသို့တက်ရောက်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
ပေးပို့သူ.....ကိုအရှည်ကြီး(မဲ့ဆောက်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....