Thursday, April 22, 2010

ဂျပန်နိုင်ငံ



ဂျပန်နိုင်ငံက အာရှရဲ့ အရှေ့ဆုံးမှာရှိပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတစ်နိုင်ငံဆိုတာ အားလုံးသိကြမှာပါ။
ကျွန်းစုပေါင်6း825ခန့်နဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။တနိုင်ငံလုံးရဲ့ 97%ဟာ honshu, hokaido, kyushu နဲ့shikokuဆိုတဲ့ ကျွန်းကြီး(၄)ကျွန်းအပေါ်မှာတည်ရှိပြီး နိုင်ငံရဲ့ကျွန်းစုအတော်များများဟာတောင်တွေ၊တောင်တန်းတွေနဲ့မီးတောင်တွေသာ
ဖြစ်ကြတယ်။ဂျပန်နိုင်ငံရဲ့  အမြင့်ဆုံးလည်းဖြစ်၊ကမ္ဘာမှာလည်းနာမည်ကြီးတဲ့ Fuji တောင်ဟာလည်းမီးတောင်တခုပါပဲ အချိန်မရွေးထပေါက်နိုင်ပါတယ်။
ဒါပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း နွေရာသီတောင်တက်ချိန်ဆိုရင်ဖြင့်
အဲသည့် မီးတောင်ကြီးထိပ်ဝအထိကိုပဲ မကြောက်မရွံ့ နဲ့၊ ကိုယ့်ကိုကိုယ်အပင်ပန်းခံပြီး ကြိုးစားပမ်းစား တစ်နေ့လုံးတညလုံးတက်နေကြတဲ့ လူတွေအများကြီးပါပဲ။ မီးတောင်ထပေါက်လို့ကတော့ ဘယ်လိုမှပြေးမလွတ်နိုင်ဘူးပေါ့။
ဂျပန်မှာလူဦးရေ၁၂၈သန်းခန့်ရှိပါတယ်။ကမ္ဘာ့လူဦးရေအများဆုံးနံပါတ်(၁၀)
စာရင်းဝင်ပေါ့ လူအများဆုံးနေထိုင်တာကတော့KANTO ဒေသပါ KANTOမှာ ဂျပန်နိုင်ငံရဲ့မြို့တော်TOKYOလည်းပါဝင်ပါတယ်လေ။
လူဦးရေသန်း(၃၀)လောက်အခြေချနေထိုင်နေပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....