Friday, April 23, 2010

မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ချီတက်ဆန္ဒပြပွဲ(တိုကျို)။

၂၀၁၀ ခုနှစ် ၊ ဧပြီလ ၂၂ ရက်။




ယနေ့  ဧပြီလ(၂၂)ရက်နေ တိုကျိုမြို့  မှာ မြန်မာစစ်အစိုးရ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့ မှဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ချီတက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့ အစည်းများနှင့်အတူ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်အလုပ်သမာသမဂ္ဂများအဖွဲ့ ချုပ် (JTUC RENGO)၊ လူ့ အခွင့်အရေးအဖွဲ့ အစည်းများ တို့ ပါ ပူးပေါင်းပါဝင် ခဲ့ကြသည်ကိုလည်း သိရှိရပါသည်။

နေ့လည် (၃)နာရီ တိတိမှာ Gontada ပန်းခြံကနေ စတင်ထွက်ခွါပြီး ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့ လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ ဂျပန်ဘာသာဖြစ် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား များအားလုံး ချက်ချင်းလွတ်။ နအဖ စစ်အုပ်စု မတရားတဲ့ရွေးကောက်ပွဲဥပဒေ အလိုမရှိ။ စသည့် ကြွေးကြော်သံများဖြစ် ကြွေးကြော်ကာ လူစည်ကားရာ လမ်းမကြီးအတိုင်း ချီတက် လာခဲ့ကြပါသည်။ SHINAGAWA မြို့ နယ်ရှိ စစ်အခွန်ရုံး( မြန်မာသံရုံး)ရှေ့ ကိုဖြတ်ကာ စစ်အခွန်ရုံး အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ အဖွဲ့ ပေါင်းစုံ ပါဝင်သော သဘောထားထုတ်ပြန်ကြေငြာချက် တစ်စောင်ကို နအဖ သံရုံးသို့ ပေးပို့ ခဲ့ပါသည်။

ချီတက်ဆန္ဒပြပွဲ သို့  ဒီမိုကရေစီ အင်အား(၂၀၀)ကျော်ခန့်  တက်ရောက်ကြောင်း သိရှိရပါသည်။
သတင်း။ ။PNS-Japan


ဓါတ်ပုံ.ဗီဒီယို။ ။Aung Htoo Thein

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....