1991ခုနှစ်လောက်တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ 石神井公園(Shakujikoen) ဘူတာမှာ ဖြစ်ပါတယ်။ မနက်တိုင်း အခုလို အလုပ်သွားချိန်မှာ ရထားကြပ်ကြပ်ညှပ်ညှပ်ကို တိုးစီးကြရပေမယ့် တဦးနဲ့တဦး ရန်ဖြစ်လေ့မရှိကြဘူး၊ ခါးပိုက်နှိုက်ခြင်းလည်း မရှိသလောက်ကို နည်းတယ်လို့ သိရပါတယ်။ အဲ့သည်လို စိတ်ဓါတ်တွေနဲ့ ကြိုးစားခဲ့ကြတဲ့ ဂျပန်လူမျိုးတွေကို အတုယူစေချင်ပါတယ်။
Wednesday, February 20, 2013
Thursday, February 14, 2013
ဂျပန်မှ မြန်မာပြည်သို့ တရားဝင်ငွေလွှဲနိုင်ပြီ
7 ELEVEN ရဲ့ company ကြီးရဲ့ 7 Bank နဲ့ WESTERN UNION တို့ ပူးပေါင်းပြီး ယခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရနိုင်တဲ့ စနစ်တခုကို သိပ်မကြာသေးခင် အချိန်ကပဲ အကောင်အထည် ဖေါ်လိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်တဲ့၊ ဂျပန် လဝက မှ(zairyu card)လို့ ခေါ်တဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်တမျိုးမျိုးနဲ့ နေထိုင်ခွင့်ကဒ် ရှိသူတိုင်း အခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နေ့ညအချိန်မရွေး(၂၄)နာရီပတ်လုံး ငွေလွှဲလို့ရပါပြီ။
မြန်မာပြည်မှာ နေထိုင်သူ(ငွေလက်ခံသူ)များ အနေနဲ့လည်း အခက်အခဲ မရှိဘဲ အလွယ်တကူ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
လုပ်နည်းအဆင့်ဆင့်ကတော့ ပထမဦးစွာ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးဟာ( မြန်မာနိုင်ငံသားမဟုတ်လည်းရပါတယ်။ အဓိက က တရားဝင်နေထိုင်နေသူတဦးဖြစ်ဖို့ပဲ လိုပါတယ်) ပထမဦးစွာ Seven Bank မှ Seven Bank Card တခုကို စတင် လျှောက်လွှာတင်ပြီး ပြုလုပ်ရပါမယ်။ လျှောက်လွှာကို ဂျပန်နိုင်ငံရဲ့ 7 Elevenဆိုင်တိုင်းမှာ တောင်းယူနိုင်ပါတယ်။
လျှောက်လွှဲထဲမှာ အင်္ဂလိပ်-ဂျပန် နှစ်ဘာသာနဲ့ ရေးထားပြီး ဖြည့်ရတာ သိပ်မခက်လှပါဘူး။ လူတဦးအနေနဲ့ လျှောက်လွှာတစ်စောင်မှာ မြန်မာပြည်က ငွေလက်ခံမယ့်သူ (၆)ဦးတိတိ ဖြည့်သွင်းနိုင်ပါတယ်။
7 Bank Cardကို အသုံးပြုပြီး ငွေလွှဲပါက မြန်မာနိုင်ငံတွင်းမှ ငွေလက်ခံသူမှာ 7 Bank accountရှိစရာ မလိုပါ။ ဂျပန်နိုင်ငံမှ 7 Bankဖြင့် လွှဲလိုက်သောငွေအား မြန်မာနိုင်ငံတွင် အောက်ပါ နေရာများ၌ ထုတ်ယူနိုင်ပါသည်။ ( Western Union)
(1) Kanbawza
(2) Co-operative
(3)First Private
(4)Myanma Apex
(5)Myanmar Livestock Fisheries Development
(6)Myanmar Oriental
(7)United Amara
ပို့ဆောင်ခများမှာ အောင်ပါအတိုင်းဖြစ်ပါသည်။
၁ယန်းမှ-ယန်း ၁သောင်း အထိ ပို့ဆောင်ခ ယန်း ၉၉၀။
ယန်း ၁သောင်း၁ယန်း-ယန်း ၅သောင်း အထိ ပို့ဆောင်ခ ယန်း ၁၅၀၀။
ယန်း ၅သောင်း၁ယန်း-ယန်း ၁၀သောင်း အထိ ပို့ဆောင်ခ ယန်း ၂၀၀၀။
ယန်း ၁၀သောင်း၁ယန်း-ယန်း ၂၅သောင်း အထိ ပို့ဆောင်ခ ယန်း ၃၀၀၀။
ယန်း ၂၅သောင်း၁ယန်း-ယန်း သောင်း၅၀ အထိ ပို့ဆောင်ခ ယန်း ၅၀၀၀။
ငွေလွှဲနှုန်းထားများကတော့ တနေ့နဲ့တနေ့ မတူညီနိုင်ဘဲ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ဖြစ်တယ်လို့ 7 Bankရဲ့ တာဝန်ခံတဦးက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ 7 eleven ဆိုင်တိုင်းမှာ ငွေလွှဲပုံလွှဲနည်း အဆင့်ဆင့်ကို မေးမြန်းအကူအညီတောင်းနိုင်ကြောင်းလည်း အဆိုပါ တာဝန်ခံပြောပါတယ်။
အင်တာနက်ပေါ်တွင်လည်း http://www.sevenbank.co.jp/english/ နေရာမှာ ဝင်ရောက်၍ လေ့လာနိုင်ပါသည်။
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေစေရန် ရေးသားခြင်းဖြစ်ပါသည်။ ထပ်ဆင့် ဖြန့်ဝေမည်ဆိုပါက ကျေးဇူးပြု၍ ဤမူရင်းဇစ်မြစ်ကို ဖေါ်ပြပေးစေချင်ပါသည်။
လေးစားစွာဖြင့်
နန္ဒာ

Labels:
ကိုယ်တိုင်ရေးဆောင်းပါး
Posted by
Unknown
Tuesday, February 12, 2013
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး ဘဝဇါတ်ကြောင်း
ဖေဖေါ်ဝါရီ(၁၃)ရက်။ ၁၂၇၆ခု တပေါင်းလဆန်း(၁)ရက် စနေနေ့ နံနက်
လင်းအားကြီးအချိန်တွင် ကျနော်သည် လူ့ပြည်သို့ ပထမဦးဆုံး
ရောက်ရှိလာခဲ့ရပေသည်။
ဖေဖေါ်ဝါရီ(၁၃)ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီးကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရ ထီးနန်းတို့ကို ဖြိုဖျက်နိုင်သော သူများကို မွေးဖွားသော ဇာတာဟု ဟောထားလေသည်။
ထိုနေ့တွင် မွေးဖွားသော ကျနော်မှာ သူပုန်လောင်းလေးဖြစ်သည်ကို ထိုအချိန်က မည်သူမျှ ထူးထူးခြာခြား ထည့်သွင်းစဉ်းစားခြင်း မပြုကြချေ။

ဗမာ့အောင်ဆန်း
တနေ့သော် စာရေးသူ၏သူငယ်ချင်းက သူ၏ သူငယ်ချင်းဖြစ်သူ " အောင်ဆန်း" ကို တွေ့ရအောင်စာရေးသူအား တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင်သို့ ခေါ်လေ၏။ ရှူ့လော့။ ဤသူကား အောင်ဆန်းပင်တည်း။
ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊မျက်မှောင်ကုပ်ကုပ်၊ဆံပင်စုတ်ဖွား၊ ရှုကားသိုးသိုး၊
အောင်ဆန်းနေသောအခန်းသည် တက္ကသိုလ် ဆံပင်ညှပ်ဆိုင် နောက်ဆွယ် အခန်းဖြစ်သည်။
ဆံပင်ညှပ်ဆိုင်နှင့် နီးလွန်းအားကြီးသောကြောင့် သူ၏ ဆံပင်ရှည်နေခြင်း ဖြစ်ဟန်တူသည်။
သူ့ဆံပင်သည် ဆီနဲ့ဘီးကို တွေ့ဖူးဟန်မတူ။
မသကာ တွေ့ဖူးသည်ဟု ဆိုဦးတော့ နောက်ဆုံးတွေ့ရသော အချိန်မှာ လွန်ခဲ့သော အသင်္ချေယ နှစ်ကပ်သုံးကပ်လောက်က ဖြစ်တန်ရာ၏။
သူ၏ မပြုံးမရယ်၊ မြုံစိစိ အမူအယာနှင့် ရှုသိုးသိုးအကြည့်နောက်မှာ မနောက်ဘဲ ကြည်သောဓါတ်တခု ရှိလိမ့်မည်ဟု အကဲခတ်မိ၏။

ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ။
ဗိုလ်ချုပ်အောင်ဆန်းတွင် ထူးခြားသော အရည်အချင်းတခုရှိ၏။ ယင်းကား သူ၏
နာမည်ကြားရုံဖြင့် ချစ်ခင်ကြည်ညိုမိသူ ပေါသလောက် ၊ မမြင်ဖူးသူများသည်
မြင်မြင်ချင်ပင် သူ့အား ချစ်ခင်လေးစား ကြည်ဘိုအားကိုးလိုစိတ် တပြိုက်နက်
ဖြစ်ပေါ်လာသော သတ္တိထူးပင်တည်း။
Posted by
Unknown
Subscribe to:
Comments (Atom)