Tuesday, February 12, 2013

ဗမာ့အောင်ဆန်း

တနေ့သော် စာရေးသူ၏သူငယ်ချင်းက သူ၏ သူငယ်ချင်းဖြစ်သူ " အောင်ဆန်း" ကို တွေ့ရအောင်စာရေးသူအား တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင်သို့ ခေါ်လေ၏။ ရှူ့လော့။ ဤသူကား အောင်ဆန်းပင်တည်း။

ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊မျက်မှောင်ကုပ်ကုပ်၊ဆံပင်စုတ်ဖွား၊ ရှုကားသိုးသိုး၊
အောင်ဆန်းနေသောအခန်းသည် တက္ကသိုလ် ဆံပင်ညှပ်ဆိုင် နောက်ဆွယ် အခန်းဖြစ်သည်။
ဆံပင်ညှပ်ဆိုင်နှင့် နီးလွန်းအားကြီးသောကြောင့် သူ၏ ဆံပင်ရှည်နေခြင်း ဖြစ်ဟန်တူသည်။

သူ့ဆံပင်သည် ဆီနဲ့ဘီးကို တွေ့ဖူးဟန်မတူ။
မသကာ တွေ့ဖူးသည်ဟု ဆိုဦးတော့ နောက်ဆုံးတွေ့ရသော အချိန်မှာ လွန်ခဲ့သော အသင်္ချေယ နှစ်ကပ်သုံးကပ်လောက်က ဖြစ်တန်ရာ၏။

သူ၏ မပြုံးမရယ်၊ မြုံစိစိ အမူအယာနှင့် ရှုသိုးသိုးအကြည့်နောက်မှာ မနောက်ဘဲ ကြည်သောဓါတ်တခု ရှိလိမ့်မည်ဟု အကဲခတ်မိ၏။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....