Saturday, September 15, 2012

"မေတ္တာပါရမီ စာဖတ်ခန်းဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာ"

  ရာစုနှစ်ထက်ဝက်နီးပါး စစ်အာဏာရှင်စနစ်အောက်မှာဖိနှိပ်ခံ၊ ပိတ်ပင်ခံခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ အရာရာအောက်တန်း နောက်တန်းကျခဲ့ရပြီး ယဉ်ကျေးမှု အမွေအနှစ် စာပေ အသိပညာ တွေပါ တစစ ပျက်သုဉ်းလုမတတ်ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်း သော အစိုးရဖြစ်အောင် ကြိုးပမ်းနေကြတဲ့ ခေတ်ရောက်မှ အပိတ်ခံထားရတဲ့မျက်လုံးများ ပြန်ဖွင့်ပြီး ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန် သောပြည်သူလူထုကြီးဖြစ်အောင်၊ လူထုအခြေပြုအဖွဲ့အစည်းများက နေ့ / ညမနား ကြိုးစား နေကြ ရပါသည်။
   စတုတ္ထမဏ္ဍိုင် မြင့်မားတိုးတက်မှသာ နိုင်ငံရဲ့ရှေ့ခရီး လုံခြုံ လွတ်လပ် အေးချမ်းသာယာမှာဖြစ်တာမို့ ကျွန်တော် တို့အားလုံး ပါဝင်ဖြည့်ဆည်း တာဝန်ယူနိုင်ရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော် တို့ တတ်နိုင် တဲ့ဘက်က တပိုင်တနိုင် ကွက်လပ်ဖြည့်တဲ့အနေနဲ့ ဒီ "မေတ္တာပါရမီစာဖတ်ခန်း"ကိုဖွင့် ရခြင်း ဖြစ်တာ ကြောင့် ကျွန်တော်တို့ရဲ့စာဖတ်ခန်း ဖွင့်ပွဲလေးကို တက်ရောက်ချီး မြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည် ။

 
 အချိန်။ ။နေလည် ( ၁း၀၀)နာရီ
 နေ့ရက်။ ။၁၈.၉.၂၀၁၂
 ချိုအောင်သန်း(မေတ္တာပါရမီ)

နေရာ။  ။အမှတ်(၄/၈၄၀)၊ ဗိုလ်ပျိုလမ်း၊
(၄)ရပ်ကွက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....