Wednesday, August 1, 2012

မိမိ၏ ကျန်းမာရေးနှင့် အသက်အရွယ်ကြောင့် ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CNA နှင့် CNA အင်တာဗျူးတွင် နိုင်ငံတော်သမ္မတ ထုတ်ဖော်ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို Channel News Asia မှ Indochina Bureau Chief ဖြစ်သူ Anasuya Sanyal က တွေ့ဆုံ မေးမြန်းနေစဉ်
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel News Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါ​သည်။
ယင်းအစီအစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည် ပခရီးစဉ်အတွင်း ပြည်ပမှ ရုပ်သံသတင်းဌာနတစ်ခုနှင့် ပထမဆုံးသီးခြား တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ Channel News Asia နှင့် အင်တာဗျူးကဏ္ဍတွင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ချက် အမြင်များ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့်အမြင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့်အမြင်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ချက်အပေါ် အမြင်များ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုအပေါ် အမြင်များပါဝင်သည့် ဖြေဆိုမှုများကို ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Channel News Asia တို့၏ အင်တာဗျူးအစီအစဉ်တွင် ပါဝင်သော အမေး၊ အဖြေကဏ္ဍကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
http://goo.gl/uCqfo

Copy from - Eleven Media Group

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....