Wednesday, August 1, 2012

တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း ပြန်လည် ရေးဆွဲရန် အတည်ပြု


2012-07-31

မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်း နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေး မြှင့်တင်မှု ကော်မတီက လက်ရှိ တင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေး တင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို လိုက်ပါတယ်။

အဲဒီ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပါဝင်ေ ဆွးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားတာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ် ပညာရေး ဥပဒေကြမ်းဟာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြင်ဆင် မွန်းမံထားခြင်း ဖြစ်တယ်ဆိုကာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ သူရဦးအောင်ကိုနဲ့ ဒေါ်တင်နွယ်ဦး တို့ကလည်း ၀ိုင်းဝန်း ကန့်ကွက် ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီလို လွှတ်တော် ကိုယ်စားလှယ်တွေက ၀ိုင်းဝန်း ဆွေးနွေးခဲ့ ကြပြီးနောက်မှာ ဒီအဆိုကို အသစ် ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံတင်ပြ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အတည်ပြုခဲ့ကြောင်း သိရပါတယ်။
Copy from - RFA Burmese

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....