Thursday, August 23, 2012

ဒို့  အဖိုးအဖွား အမွေအနှစ်မို့ ............ချစ်

ဒါ တို့ ပြည် ဒါ တို့ မြေ ဒို့  ပိုင်တဲ့ .....


တရုတ်တွေက..တို့တွေရဲ့စစ်ပြေးဒုက္ခသည်တွေကိုပြန်လွှတ်တော့..
စိတ်ဆိုးဒေါသထွက်မိတယ်....

တို့အစိုးရအနေနဲ့..
တရုတ်အပေါ်မှာ..အမြဲသတိထားဆက်ဆံသင့်တယ်..


တရုတ်ဆီက..တို့ရတာတွေက..
နှစ်ကြာလေ...တန်ဘိုးလုံးဝမရှိလေဖြစ်တဲ့..အပေါစား..အဆင့်မမှီတဲ့
စက်ပစ္စည်းနဲ့..လူသုံးကုန်ပစ္စည်း၊နည်းပညာ..၊လက်နက်ကိရိယာတွေဖြစ်ပြီး..

တို့ဆီကနေ....တရုတ်ရသွားတာက..
နှစ်ကြာလာလေ..တန်ဘိုးရှိလာလေဖြစ်တဲ့..
တချို့ဆိုတန်ဘိုးဖြတ်မရနိုင်တဲ့..
အစားထိုးမရနိုင်တဲ့..
သယံဇာတ၊တွင်းထွက်.၊ကျောက်မျက်နဲ့၊ရေမြေတောတောင်တွေဖြစ်တယ်..၊

ဒါတောင်..
အချိုးတူရတယ်လို့မထင်မိဘူး...
၁၀း၁ လောက်နဲ့..တို့တွေအမြတ်ထုတ်ခံရတယ်..
တစ်ချို့နေရာတွေဆို...
၁၀၀း၁ ဒါမှမဟုတ်အလကားနီးပါးတရုတ်ကအမြတ်ရနေတယ်...၊

စစ်အစိုးရခေတ်...အဂတိလိုက်စားတာ၊Under table ပေးတာတွေထည့်ပေါင်းရင်တောင်..
ရတဲ့အကျိုးအမြတ်က..
၁၀း၃ လောက်ပဲဆိုတာ...တွက်ကြည့်ရင်သိနိုင်တယ်..

အဲဒီမှာမှ...
ဒို့အနေနဲ့..
သူတို့ဆီက....
အပိုဆု၊အဆစ်ကြီးတစ်ခုထပ်ရလိုက်တယ်..

အဲဒါကလူမျိုးရေးဝါးမျိုမှုနဲ့...
နယ်မြေချဲ့ထွင်ခံရမှုတို့ပဲဖြစ်တယ်....

မန္တလေးနဲ့...မြန်မာနိုင်ငံအထက်ပိုင်းကို..
သေချာလေ့လာရင်..တွေ့နေရပြီ..၊

နိုင်ငံတကာကဧည့်သည်တွေ..မန္တလေးရောက်ရင်......
ကုန်းဘောင်မင်းဆက်..ဆိုတာတကယ်ရှိခဲ့ရဲ့လားဆိုတာ..
သံသယရှိလာလိမ့်မယ်..

နန်းမြို့ရိုးကြီးကသက်သေပြနေလို့သာပေါ့..
တကယ်ရှိခဲ့တယ်ဆိုတာသိရတာ...

နှစ်ပေါင်း ၅၀ လောက်အတွင်းမှာ..
တို့နိုင်ငံရဲ့နောက်ဆုံးဘုရင်တွေနန်းစိုက်ခဲ့တဲ့..
သမိုင်းဝင်မြို့ကို..
လူတွေရဲ့အရောင်ပြောင်းသွားအောင်....
လူသစ်တွေနဲ့လဲရလောက်အောင်...
ဒီလိုဖြစ်စေခဲ့တာ..

ဒါမျိုးဘယ်နိုင်ငံမှာမှမတွေ့နိုင်ဘူးထင်တယ်..
နိုင်ငံတကာအတွေ့အကြူံရှိတဲ့သူတွေ.
သိမှာပါ...

ရိုဟင်ဂျာကိစ္စတုန်းက....အပေါ်ကလက်မခံဘူး..
အဲဒီတော့..ပြည်သူဆန္ဒနဲ့ အစိုးရဆန္ဒ..တစ်ထပ်ထည်းကျတယ်..

တရုတ်ကျတော့..အပေါ်ကနှာစေးနေတယ်..၊
အစိုးရစီမံကိန်းကြီးတွေနဲ့ညိ..နေတယ်...
အဂတိတရားကြီးတွေလဲ...ကျွံနေတယ်
အဲဒီတော့...
ပြည်သူ့ဆန္ဒနဲ့...
တစ်ထပ်တည်းလား..
ဘာလဲ...ဘယ်လဲ..၊

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေတရဟောဝင်လာရင်..
မန္တလေးရဲ့....
တရုတ်ပြန့်ပွားမှုကို..တွေ့လို့...မေးကြရင်
အစိုးရနဲ့..သက်ဆိုင်ရာတွေ...

ဘယ်လိုဖြေကြမလဲ..

ကျွန်တော်မစဉ်းစားတတ်ဘူး..

ရောင်းရင်းတို့ရောစဉ်းစားတတ်ကြရဲ့လား...
ဆောင်းပါးရှင် ပုရစ်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....