Friday, August 24, 2012

ပြည်သူ့ အသံ

ပြည်သူ့  အသံ

အလုပ်သမားကြီး ဖိုးသာအောင်…. ဆင်းရဲငတ်လို့ လူ မွှေးမပြောင်
မောင်ဇာနည် လယ်သမား မလောက်ငလို့ သူတောင်းစား
အောင်သိန်းလင်းက တခြမ်းပဲ့ကာ လွှတ်တော်ထဲက ထွက်တော့မှာ
မောင်သန်းရွှေလူငယ်လေး ပေါ်တာဖမ်းလို့ တယုတ်ပြည်ပြေး
စစ်ဗိုလ်လေးက မင်းအောင်လှိုင် မုဒိန်းကျင့်လို့ လူသတ်ပြန်
ကိုဇော်ဇော် ဘောပွဲစား နှစ်ပယ်ရိုက် လို့ သူကြီးပွါး
မဇ္ဈိမ ကသတင်းများ ဖြုတ်လိုက်တတ်လိုက်သူတို့ လုပ်စား
ကိုခင်ညွန် လေးအနားးယူကာ ဆေးခန်းဖွင့်လို့ ကိုယ်ကျိုးရှာ
မော်ဒယ်လေးက မယဉ်လှ ဗိုလ်ချုပ်ကြီးတွေ မျက်စိကျ
ရဲသားကြီးကကိုလှရွှေ ချဲဒိုင်ဖွင့်လို့ ကြီးပွားနေ
ကျောင်းဆရာ ကိုဘသောင်း ၀မ်းရေးခက်လို့ ဈေးထွက်ရောင်း
ကိုသိန်းစိန် ကဦးဆောင်ကာ ဘင်္ဂါလီကုလားကို အားပေးရှာ
မလှမွန် သူနာပြု ဆေးမရှိလို့ ဘိန်းတောကု
ငိုကျော်ဆန်းက ပြန်ကြားရေးမှာ လိမ်ပြောရာတွင် သူထူးချွန်
ကဗျာဆရာကိုဘသောင်း မှန်တာရေးလို့ ဂျေးထဲအောင်း
ကိုသန်းရွှေ က ခေါင်းဆောင်ကာ… တိုင်းပြည်ဖျက်ဖို့  သင်ပေးရှာ
ကျောင်းသူကျောင်းသား ဒို့လုမော် ဘီယာသောက်လု့ ဖိုးရှုသနော် အနာဂတ်မှာ ဒို့ ပြည်သား အမေစုကို ဒို့ အားထား။
(အင်း..ဒီအတိုင်း ရေးလိုက်မိပါတယ် ) ၀ိုင်းပြီး
အားပေးကြမယ်ထင်ပါတယ်။ နှလုံးသားဖြင့်ချိတ်ဆက်ထားတဲ့...
ဟန်ဆောင်မှုကင်းမဲ့တဲ့ ကမ္ဘာကျော်အပြုံးပိုင်ရှင်....
အမေစုရဲ့ ဓါတ်ပုံဖြင့်..
face book မိသားစု မှ ဂုဏ်ပြုအပ်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျက်
ကိုထွန်းဝေ




ဓါတ်ပုံ ကိုမောပြေ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....