စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဆားလင်းကြီးမြို့န
ယ်
 ရှိ ပုသိမ်-မုံရွာ လမ်းခွဲတွင် ယနေ့(၂-၆-၁၂) ညနေ(၃း၃၀)ခန့်မှ စတင်၍ 
ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း သိရသည်။  ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာ အုပ်စု အတွင်း မှ ဒေသခံများက မုံရွာ-ပုသိမ် လမ်းဆုံရှိ တရုတ်ဆိုက်( ကြေးနီ မိုင်း စခန်း) သို့ လာရော
က်
 စုဝေး၍ ဆန္ဒပြခြင်း ဖြစ်ပြီး အင်အား ၁၅၀ ကျော် ရှိသည်။  ထို့အတူ 
...ဝက်မှေးဆင်တဲ မှ ဒေသခံများကလည်း အင်အား (၂၀၀)ခန့် 
လာရောက်ပူးပေါင်းကြကြောင်း သိရသည်။ ဆန္ဒပြနေရာသို့ ဆာလင်းကြီးမြို့နယ် 
အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းမှ လာရောက် ညှိနှိုင်းပေးနေကြောင်း 
ထိုနေရာတွင် ရှိနေသော ကိုရဲရင့်ကျော်(မုံရွာ)  မှ ပြောကြားသည်။  
သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ အဲဒီ လယ်ယာမြေပေါ်မှာ စက်ရုံသုံးမြေတွေ 
ဆက်လက် မပုံဖို့ ၊ ပိတ်ထားခံရတဲ့ အမက ကျောင်း ပြန်ဖွင့်ပေးဖို့ ၊ နဲ့ 
ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းကို ပြန်ဖွင့်ပေးဖို့ 
တောင်းဆိုနေကြတာပါလို့ သူက ဆက်လက်ပြောပါတယ်။  ဆားလင်းကြီး ကြေးနီတောင် 
ပတ်ဝန်းကျင်ဒေသတွေ မှာ စီမံကိန်း ဟု ဆိုပြီး လယ်ယာမြေတွေ 
သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာပဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ 
စီမံကိန်းက မြေတွေ လာရောက်ပုံထားတဲ့ အတွက် မြေယာပျက်ဆီးမှု များ 
ဖြစ်ပေါ်နေသည်ကြောင့် ဆက်လက်မပုံရန် တောင်းဆိုကြခြင်းဖြစ်သည်။    
သတင်းနှင့်ဓါတ်ပုံ  ကိုဝိုင်ဝိုင်ကေ ညနေ(၅း၀၀) ၂-၆-၁၂ 
 
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်