Saturday, June 2, 2012

ပြည်မြို့အာဏာပိုင်များ အကြမ်းဖက်မှု တရားစီရင်နိုင်ရေး အခက်ခဲနှင့် မေတ္တာရပ်ခံပန်ကြားခြင်း

by Ye Min Tun on Saturday, June 2, 2012 at 8:35pm ·
ပြည်မြို့တွင် ဖြစ်ပေါ်သွားသော ၂၄ နာရီလျှပ်စစ်မီး ရရှိရေး ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကို ပြည်အာဏာပိုင်များက အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ထိုအကြမ်းဖက်မှုများကို တရားစီရင်ရေးအတွက် တရားရုံးကို ဦးတိုက်လျှောက်ထားသည့် ရှေ့နေဦးမြင့်အေးနှင့် အမှုသည် ကိုဇော်ထွန်း (HRDP )ပါ ခြောက်ဦးမှ ကြုံတွေ့ရသည့် အခက်အခဲများကို မျက်မြင်သက်သေများက ပြည်သူလူထု သိအောင် တင်ပြရင်း ကာယကံရှင်များထံ  အကြံပေးလိုက်ပါသည်။

တရားရုံးတွင် ဦးတိုက်လျှောက်ထားစဉ် အခက်အခဲများ
ဇွန်လ ၁ ရက်နေ့တွင် ဦးတိုက်လျှောက်ထားရာ-....

  • တရားသူကြီးထံ တိုက်ရိုက်လျှောက်ထားခွင့်မရ တရားရုံးစာရေးထံ ဦးစွာလျှောက်ရသည်။
  • တရားရုံးစာရေးက အကြောင်းပြချက်မပေးပဲ ပြန်လွှတ်၏။ နှစ်ကြိမ်လျှောက်ထားရာ နှစ်ကြိမ်ပြန်လွှတ်၏။
  • တရားသူကြီးနှင့် တွေ့ခွင့်မရဖြစ်နေသည်။
တရားစီရင်ရေးဌာန၏ နည်းလမ်းမကျပုံများ
  • တရားသူကြီးကို ဦးတိုက်လျှောက်ထားခွင့်မရှိ တရားရုံးစာရေးကို ဦးတိုက်လျှောက် သလိုဖြစ်နေသည်။
  • ကျင့်ထုံးမှာ တရားသူကြီးကျင့်ထုံး ဖြစ်၍ စာရေးက စာကိုဖတ်ခွင့်လည်းမရှိ ဆုံးဖြတ်ခွင့်လည်း မရှိပါ။
  • တရားသူကြီးကို မတွေ့ရပဲ စာရေးကို ဦးစွာတင်ပြရခြင်းသည် အမှုသည် လိုက်နာရန် စည်းကမ်းလည်း မဟုတ်ပါ။
  • ကျင့်ထုံး အကန့်အသတ်မှာ ' စစ်ဆေးခွင့် စီရင်ဆုံးဖြတ်ခွင့် မရှိ' ကြောင်းသာ ကန့်သတ်သည်။' လျှောက်ထားခွင့် မရှိ' ဟုမကန့်သတ်ပါ။ လျှောက်ထားပြီးမှ တရားသူကြီးက ဆုံးဖြတ်ခွင့်မရှိ ပြန်ပယ်ရမည်။
  • သမ္မတအမိန့်စာယူရန်မှာ အောက်ရုံးက တရားသူကြီး လက်မခံ၊ ပယ်ချကြောင်း အမိန့်ရှိမှ ပူးတွဲ၍  တောင်းခံနိုင်မည်။ အထက်ရုံး (ခရိုင်ရုံး) ကိုလျှောက်ထားရန် အောက်ရုံး (မြို့နယ်ရုံး)မှ ပယ်ချအမိန့်ရှိဖို့ လိုသည်။
တွေးတောချက်
  • နိုင်ငံသားတိုင်း တရားသူကြီးထံ ဦးတိုက်လျှောက်ထားခွင့် ရှိသည်။ အမှုမခိုင်မာက တရားသူကြီးပယ် လိမ့်မည်။ ကြားပွဲစား (စာရေး) ဆုံးဖြတ်ပိုင်ခွင့်မရှိ။
  • တရားရုံး၊ ရုံးချိန်း၊ ရုံးအလုပ်၊ တရားသူကြီး တာဝန်ရှိသော ဦးတိုက်လျှောက်ထားခြင်း အမှုကို နိုင်ငံသားအခွင့်ရေး ရှိသည့်အတိုင်း ဥပဒေဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ခံကြားနာပိုင်ခွင့် ရှိရမည်။
  • စာရေးက အာဏာမပိုင်ဘဲ တားမြစ်နေခြင်းမှာ မတရား တားမြစ်မှု (၃၄၁) မြောက်သည်။ တရားရေး မဏ္ဍိုင်လည်း ချွတ်ချော်စေသည်။ ၄င်းကိုယ်ပိုင်သဘောဖြင့် လုပ်ဝံ့မည် မထင်။
  • ရဲရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် (ဒေါသမပါဘဲ) မိမိအခွင့်အရေး အပြည့်ကျင့်သုံး နိုင်ဖို့ ကြိုးစားသင့်သည်။
ဆောင်ရွက်နိုင်သောနည်း
  • တခါပြန်သွား၍ ဦးတိုက်လျှောက်ထားခွင့် ရှိကြောင်း၊ စာရေးက တင်ပြမပေးလိုက မိမိတို့ဖာသာ တင်ပြနိုင်ဖို့ စီစဉ်ပေးသင့်ကြောင်း၊ တင်ပြပြီး တရားသူကြီး ဆုံးဖြတ်ချက်နှင့်သာ သမ္မတအမိန့်စာ ရယူခွင့်ရှိကြောင်း၊ စာရေးတွင် ဦးတိုက်လျှောက်ထားခြင်းကို ဟန့်တားခွင့်မရှိ မဟန့်တားသင့်ကြောင်း ပြောဆိုရန်။
  • ရှေ့နေက ဦးတိုက်လျှောက်ထားခြင်းတွင် ၀င်ရပ်ရန် ဘောင်မ၀င်သော်လည်း ရုံးစာရွက်စာတမ်း ကမောက်ကမဖြစ်ခြင်းကို ကြားရပ်ခွင့်ရှိ ၀င်သင့်။
  • ရုံးမ၀င်မှီ သတင်း မီဒီယာများကို အထက်ပါ မတရားပိတ်ဆို့မှု ရှိနေကြောင်း၊ နိုင်ငံသားများအနေဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခွင့် မရှိသလို ပြုမူခံနေရကြောင်း၊ တရားသူကြီးကို တွေ့ခွင့်မပြု စာရေးကိုသာ ဦးတိုက်လျှောက်ထားရမည် ဟုပြုမူဆုံးဖြတ်နေကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ခွင့်အရေး လုံခြုံမှုနှင့်  တရားမျှတမှုတို့အတွက် အမြင့်ဆုံးတာဝန်ခံထားသော တရားရုံးပေါ်တွင် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးလျက် တရားမျှတမှုနှင့် လုံခြုံမှုအတွက် သံသယရှိဖွယ် ဖြစ်နေကြောင်း စသည်တို့ကို ဖွင့်ချရန် (ဖြစ်နိုင်ပါက တရားရုံးဖုံးနံပါတ်ပါ ဖေါ်ပြပေးရန်)
စသည်တို့ကို ပြည်မြို့ ပြည်သူလူထု မျက်မြင်သက်သေများမှ ၄င်းတို့သိရှိသမျှကို အများသိစေရန် တင်ပြရင်း ကာယကံရှင်များကို အကြံဥာဏ်များ ပေးလိုသည်များပါ ဖေါ်ပြလိုက်ပါသည်။

ရှေ့နေဦးမြင့်အေး-ဖုန်း ၀၉၄၃၁၅၆၆၀၃
ကိုဇော်ထွန်း(HRDP )-ဖုန်း ၀၅၃၂၄၂၈၂/၀၅၃ ၂၄၉၀၈
ပြည်မြို့နယ်တရားရုံး-ဖုန်း ၀၅၃ ၂၄၀၁၆/ ၀၅၃ ၂၄၁၁၆။


( ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပေးပို့လာသည့် လက်ရေးမူကို ပြန်လည်ရိုက်နှိပ် ဖေါ်ပြပေးပါသည်။ ရဲမင်းထွန်း)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....