Sunday, June 3, 2012

ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲ သက်သေခံ စာရွက်စာတမ်းများ (၁)

ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုက်ဖေါ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကို ကြိုတင်အသိပေး အကြောင်းကြားခဲ့ပါသည်။ မြို့နယ်ရဲတပ်ဖွဲ့ထံ  ပြည်သူများကိုယ်စား တင်ပြ တာဝန်ခံသည့် ဦးကျော်ဆွေ၊ ဦးဝင်လှိုင်၊ ဦးသန့်စင်၊ ဦးပြည့်လွင် နှင့် ဦးကျော်ကျော်ဦးတို့၏ စာမူရင်းနှင့် အတူ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြန်လည် ငြင်းဆိုသည့် စာ၊ တရားလွှတ်တော် ရှေ့နေဦးမြင့်အေး၏ အယူခံစာတို့ကို ပြည်သူများ သိရှိစေရန် တင်ပြပါသည်။ ပြည်မြို့ ၂၄ နာရီ မီးရရှိရေး လှုပ်ရှားမှုသည် ဥပဒေဘောင် အတွင်းမှ အဆင့်ဆင့် တင်ပြပြီး လုပ်ဆောင်သွားတာ ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကို ရိုတ်နှက်ဖမ်းဆီး အကြမ်းဖက်ခြင်းသည် အာဏာပိုင်များက အာဏာအလွဲသုံးစား ပြုလုပ်ခြင်းကို ပေါ်လွင် သိရှိစေရန် ရည်ရွယ်ပါသည်။
Report to Pyi police

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....