Wednesday, April 25, 2012

`သောက်ရေသန့် အကူအညီလိုသူပေါင်း ၁သိန်းကျော်ရှိနေပါတယ်

မိတ်ဆွေများရှင်

`သောက်ရေသန့် အကူအညီလိုသူပေါင်း ၁သိန်းကျော်ရှိနေပါတယ်`

သုံးခွ မြို့နယ်၊ မုတ္တမပင်လယ်အနီးရှိ ကျေးရွာပေါင်း ၄၀ ကျော် မှာ သောက်ရေကန်များ ခမ်းခြောက်ကုန်တဲ့အတွက် ကျေးရွာဒေသခံ ၁ သိန်းကျော်ခန့် ရေသန့်သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နေရပါတယ်။

NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်ဒေါ်စုစုလွင်က သင်္ကြန်အကြတ်နေ့မှာ တရက်ခန့် ရေလာလှူသွားခဲ့တယ်လို့ ကျေးရွာ ၂ ရွာက ပြောပါတယ်။

နောက်ပိုင်း ဆက်လျက်လာရောက်လှူဒါ...န်းခြင်း မရှိခဲ့သလို၊
ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်း မရှိသေးပါ။
ဒေသခံများအနေနဲ့ သောက်သုံးရေ ရရှိရေးက အရေးတကြီးလိုအပ်ချက် ဖြစ်နေပါတယ်။

အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊အကူညီပေးရေးအဖွဲ့များနှင့် စေတနာရှင်များ သွားရောက်ကူညီပေးကြဖို့ တိုက်တွန်း နိုးဆော်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....