Wednesday, March 14, 2012

မြန်မာ့စက်မှုကဏ္ဍတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်မည်

ရန်ကုန်၊ မတ် ၁၁
ပြန်လည် ပြင်ဆင်ထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကို အတည်ပြုပြီးပါက နိုင်ငံတွင်း အလုံးအရင်းဖြင့် လာရောက်ရင်းနှီး မြှုပ်နှံမည့် နိုင်ငံမှာ ဂျပန်နိုင်ငံသာ   ဖြစ်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူက ပြောသည်။ ”ဘာကြောင့်လဲဆိုတော့ အစိုးရသစ်တက်ပြီး လာဆွေးနွေးမှု အများစုက ဂျပန်ကပဲ   ဖြစ်နေတာကြောင့်ပဲ”ဟု ကော်မရှင်မှ တာဝန်ရှိသူက ဆိုသည်။ အစိုးရသစ်တက်ပြီး ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုသာ ရှိနေသေးပြီး ကြီးကြီး မားမား လာရောက်ရင်းနှီးမြှုပ်နှံမှု မပြုသေးခြင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေပြင်ဆင်မှုကို စောင့်ကြည့်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံသို့ လာရောက် လေ့လာသူ ဂျပန်စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက...
”ကျွန်တော် တို့ရဲ့ သတင်းစာတွေမှာ မြန်မာကို သွားရောက် ရင်းနှီးမြှုပ်နှံကြဖို့ တိုက် တွန်းမှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။ ရည်ရွယ်ထားမှုလည်း ရှိနေပါတယ်” ဟု ပြောသည်။   ဂျပန်မှ   မြန်မာ့စက်မှု ကုန်ထုတ် လုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံနိုင်ပြီး ဂျပန်ပြီးလျှင် တောင်ကိုရီးယားက ဒုတိယအများဆုံး လိုက်မည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက သုံးသပ်သည်။  JETRO YANGON ၏ မန်နေဂျင်းဒါရိုက်တာMr.Toshihiro Mizutani က”မြန်မာနိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဥပဒေဟာ လက်ရှိထက်ပို ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်း ပေးနိုင်မယ်ဆိုရင် အလွန်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့် အရေး   ကောင်း စ်ရပ် ဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု သူ၏အမြင်ကို ပြောသည်။ အချက် ၁ဝချက် ထက်မနည်း ပြန်လည်ပြင်ဆင်မှု ပြုလုပ်ထားသည့်   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးဖြစ်ရာ ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့်  နိုင်ငံတော်သမ္မတ ထံသို့ ဆက်လက်တင်   ပြရန်သာ ရှိတော့   ကြောင်း ဦးအောင်နိုင်ဦးက ပြော သည်။
 မင်းသုအောင်၊ ကြည်ငြိမ်းသော်    
popularmyanmar.comမှ ဖေါ်ပြပါသည်။ 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....