Wednesday, March 14, 2012

မြန်မာပြည်တွင်း ဂျာနယ်မှ သတင်းများ

ဖတ်ခဲ့ရသော သတင်းများ (13.3.12)
by ကိုဝိုင် ဝိုင်ကေ on Wednesday, March 14, 2012 at 2:19pm ·


လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် မလွတ်ကင်းသည့် မြေအောက်ဝါယာနှင့် ရေမြောင်းများ ပြောင်းရွှေ့လိုက်ပြီ ။



လှည်းတန်းခုံးကျော်တံတား တည်ဆောက်နိုင်ရန် မြေအောက်ဝါယာ ကြိုးများနှင့်ရေမြောင်း
များ ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပြောသည်။
”မြေအောက်ဝါယာကြိုးနဲ့ ရေမြောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ရှင်းလင်းပြီးပါပြီ။ မကြာခင် စတင်တည်ဆောက်မှာပါ” ဟု ၄...င်းက လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ပန္နက်
တင်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ဒီဇိုင်းကို စင်ကာ ပူနိုင်ငံမှ ပညာရှင်များနှင့်
မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော
သည်။
=====================================
"ဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနားကျင်းပ"


၁၉၈၈ ခုနှစ် မတ်လ ၁၃ ကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သည့် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် ကျဆုံးခဲ့ခြင်း၂၄ နှစ်ပြည့် အောင့်မေ့ဘွယ် အခမ်းအနားကို ယနေ့ မနက် ၉ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ အခမ်းအနားသည် တရားဝင် အခမ်းအနား တစ်ရပ်အဖြစ် ပြီးခဲ့သည့်နှစ် ...ဒီဇင်ဘာ၂၀ ရက်က ကျင်းပခဲ့သည့် ဗိုလ်အောင်ကျော်နေ့ နေ့နောက်ပိုင်း ကျင်းပခွင့်ရသည့် ကျဆုံးကျောင်းသားများ အောင့်မေ့ခြင်း အခမ်းအနားပွဲ တစ်ရပ်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ၁၉၆၂ ၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ ၊ ကာလများက ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများတွင် ကဏ္ဍတစ်ရပ် သမိုင်းတာဝန်တစ်ခု အဖြစ်ပါဝင်ခဲ့ကြသည့် ကျောင်းသား များ၊ နိုင်ငံရေး သမားများ၊ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားနှင့်ပတ်သက်၍ ယင်းကာလအတွင်း အရေးအခင်း ကိစ္စရပ်များအား ကိုယ် တွေ့ကြုံခဲ့ကြသူ အချို့မှကိုယ့်တွေ့အဖြစ်များအား ပြန်လည်ပြောကြားခဲ့သလို နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်ဖြစ်မြောက်ရေး ကော်မတီကပေးပို့သည့် သ၀ဏ်လွှာများ၊ နှင့် နိုင်ငံရေးနယ်ပယ် အသီး သီးကပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့ကာ ဖျော်ဖြေမှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
================================

အမျိုးသားသတင်းဆုကော်မတီမှ ချီးမြှင့် ။

အမျိုးသားသတင်းဆုကော်မတီမှ ချီးမြှင့်သည့်
အကောင်းဆုံးသတင်းဓါတ်ပုံဆု(The Best News Photo Award)ရရှိခဲ့သည့် ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓါတ်ပုံအောင်နိုင်စိုး ( ကစ္ဆပ ) ၏ ဆုရဓါတ်ပုံ။
 ======================

"သတင်းထောက်များ သမဂ္ဂပေါ်ပေါက်ရေး စည်းဝေး"



သတင်းထောက်များသမဂ္ဂပေါ်ပေါက်ရေး အစည်းအဝေးတစ်ရပ်ကို ယနေ့ နေ့လယ် ၁နာရီ က ဆရာ စံလမ်းရှိ SS Food Center မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်း အဝေးကို ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြပြီး လွတ်လပ်၍ အမှီအခိုကင်းသော သတင်းထောက်များ သမဂ္ဂ ပေါ်ပေါက်ရေးနှင့် သတင်း ထောက်များ အတွက် တာဝန်ယူမှုနှင့် အကာအကွယ်ပြုနိုင်မှု ကိစ္စရပ်များကိုဆေ...ွးနွေး ခဲ့ကြကြောင်းသိရသည်။ အစည်းအဝေးသို့ ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖေမြင့်၊ ဦးမော်လင်း၊ ဦးစန်းဦး၊ ဦးချစ်ဝင်းမောင်၊ ဦးအားမာန်၊ ဒေါ်အေးအေးဝင်း(နိုင်ငံခြားသတင်းထောက်များအသင်း)၊ ဦးဇော်သက်ထွေး(Freelance)၊ ကိုမျိုး(မြန်မာစာ)၊ ဦးဝေဖြိုး ၊ဦးမာဂျေ၊ ဦးဝင်းကျော်ဦး၊ ဦးသူရအောင်၊ ဦးမြင့်မောင်ကျော်၊ ဦးဥာဏ်လင်းအောင်၊ ဦးသောင်းထိုက် အစရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

========================================

စစ်ရှောင်ဒုက္ခသည် များအတွက် ယူရိုတစ်သိန်းခွဲ ဂျာမနီလှူဒါန်း/

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများမှ ရွှေ့ပြောင်း စစ်ရှောင်ဒုက္ခသည်များအတွက် ဂျာမနီစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ယူရိုတစ်သိန်းခွဲ လှူဒါန်းခဲ့ကြောင်း ဂျာမနီသံရုံး၏ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းထောက်ပံ့ငွေမှာ ဒုက္ခ သည်များအတွက် သောက်သုံးရေ နှင့် အစားအစာ ရရှိရန် ဖြစ်ပြီး ဂျာမနီ NGO အဖွဲ့ Welthungerhilfe နှင့် မြန်မာ့ NGO အဖွဲ့ဖြစ် သည့် မေတ္တာဖောင်ဒေးရှင်း
တို့မှ တစ်ဆင့် အသုံးပြုရန် ဖြစ်ကြောင်း သိရသည်။
http://www.popularmyanmar.com/

 ==================။။။။။။။။။။။။====================
ကိုးကား ရယူချက်

http://www.popularmyanmar.com/
မှ ဖြစ်သည်။


ကိုယိဝိုင်ဝိုင်ကေ
14.3.12

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....