Thursday, March 15, 2012

ဗိုလ်ကြီးတဦးက ဆိုင်ကယ်နဲ့နောက်က ဝင်တိုက်ပြီး လက်သီးနဲ့ထပ်မံထိုးကြိတ်

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၆း၃၀ အချိန်ခန့်မှာ  ရခိုင်ပြည်နယ် ဂွမြို့နယ် ဗိုလ်ချုပ်လမ်း သိမ်ကုန်းစေတီအနီးတွင် ဗိုလ်ကြီး ဌေးလင်းနိုင်မှ မော်တော်ဆိုင်ကယ်ကို အမြန်မောင်းလာရာကနေ ဆိုက်ကားတစီးကို နောက်မှ ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါသည်။ တိုက်မိသော ဆိုက်ကားဆရာအား ဗိုလ်ကြီး ဌေးလင်းနိုင်မှ လက်သီးဖြင့်ထိုးပြီး ထွက်သွားခဲ့ပါသည်။

မော်တော်ဆိုင်ကယ် အတိုက်ခံရသော ဆိုက်ကားပေါ်မှ လိုက်ပါလာသူ ဒေါ်စန်းရီ မှာ..
ပေါင်၊ ဒူးနှင့် နံရိုးတွင် ဒဏ်ရာ များ ရသွားပြီး အနီးအနားမှ ဆိုင်ကယ်တစီးမှ အိမ်သို့ ပို့ပေးခဲ့ပြီး၊ ဂွမြို့နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ပြသခဲ့ပါသည်။ အတိုက်ခံရတဲ့ ဆိုက်ကားဆရာမှာ မျက်နှာတွင် ဖူးရောင်သွားပြီး ဆေးရုံသို့ သွားမပြရဲဘဲ ဆေးခန်းသွားပြစရာ ပိုက်ဆံလည်း မတတ်နိုင်ကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်ကြီး ဌေးလင်းနိုင် မှာ ဂွမြို့ ခလရ ၅၃၂ မှ ဗန်းမော် အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲရေးစခန်းသို့ပြောင်းသွားသူ ဖြစ်ပြီး ဂွမြို့သို့မင်္ဂလာဆောင်ရန် လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ဂွမြို့ ခလရ ၅၃၂ တွင် တာဝန်ကျစဉ်ကလည်း အရပ်သားများကို လက်သီးဖြင့် ထိုးလေ့ရှိသူ တဦးဖြစ်ကြောင်း ဒေသခံတွေမှတဆင့် သိရှိရသည်။ ၎င်းဖြစ်ရပ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး နှင့် ရဲစခန်းမှူးမှ သိသော်လည်း အမှု မဖွင့်ဘဲ ဒီအတိုင်းပဲ ထားထားတယ်လို့ သတင်းရရှိပါသည်။
by Burma VJ Media Network on Thursday, March 15, 2012 at 1:48pm ·

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....