Friday, December 9, 2011

မမေ့ကြပါနဲ့

ခုချိန်မှာ အားလုံးရဲ့နှုတ်က
တဖွဖွမချ ပြောနေကြတာ
ဗိုလ်ချုပ်... ဟုတ်တယ်
ကျနော်တို့ရဲ့ဗိုလ်ချုပ်
လွတ်လပ်ရေးရဲ့ဖခင်
ကျနော်တို့ရဲ့ကျေဇူးရှင်
သခင်အောင်ဆန်းလေ
ဒါပေမယ့်ပေါ့ဗျာ..
ဗိုလ်ချုပ်ကိုလည်း သတိရပါ.။
ယုံကြည်ချက်မှ အကျဉ်းကျတွေကိုလည်း
မေ့မထားကြပါနဲ့..။

ဗိုလ်ချုပ်ယူပေးခဲ့တဲ့
လွတ်လပ်ရေးဟာ
အားလုံးအတွက်ပါ
ဒါပေမယ့်..
တို့တတွေရဲ့ ဘဝ
ညီမျှခဲ့ကြလား???

မပီသတဲ့ ခေါင်းဆောင်လက်မှာ
တို့နိုင်ငံဟာ
မွဲပြာကျမတတ်ဖြစ်ခဲ့ရတာ
အားလုံးအသိ
ထိုအသိမှနှိုးဆော်
အများအကျိုးမျှော်လို့
ပြည်သူ့ရှေ့မှ မားမားရပ်
တို့အားလုံးအတွက်
တောာင်းဆိုချက်တွေနဲ့
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကို
သူတော်မဟုတ် သူယုတ်တို့က
အကျဉ်းချသတဲ့...

ယုံကြည်ချက်ကြောင့်
အကျဉ်းကျသူ
ဘယ်မှာရှိဖူးသလဲ
တို့နိုင်ငံမှာ လာကြည့်
အများကြီးတွေ့လိမ့်မယ်..။

တကယ်တော့သူတို့တွေဟာ
ရာဇ၀တ်သားတွေမဟုတ်
သူခိုးဓမြတွေမဟုတ်
လူသတ်သမား
လူရမ်းကားတွေမဟုတ်
ပြည်သူ့အရေးအတွက်
ဦးဆောင်ပေးဆပ်ခဲ့တဲ့
သာသနာ့ဝန်ထမ်းတွေ...
ကျောင်းသားဟောင်းတွေ...
စာပေအနုပညာရှင်တွေ...
ငါတို့ရဲ့ သူရဲကောင်းတွေ...

သူတို့တတွေ မလွတ်သမျှ
ဒီမိုကရေစီလမ်း
ခရီးမရောက်သေး
သူတို့ဖောက်ခဲ့တဲ့လမ်း
သူတို့ မလျှောက်လှမ်းနိုင်သရွေ့
ပန်းတိုင်ဆိုတာ
ကန္တာရအလယ်က
တံလျှပ်ပမာပဲရှိနေဆဲပါ..။

ဒီတော့..
တို့တွေအတွက်
ဘ၀တွေစတေး
လမ်းဖောက်ပေးခဲ့တဲ့
သူရဲကောင်းတွေကို
တို့တွေ..
ထားပစ်ခဲ့မှာလား?
မေ့လျော့နေကြမှာလား??
လက်တွဲဖြုတ်ခဲ့တော့မှာလား???

တို့ပျော်ရွင်နေတဲ့အချိန်မှာ
သူတို့တွေက.. ငေးမောနေကြရဲ့
တို့ရယ်မောနေချိန်မှာ
သူတို့တွေက. တွေးတောနေလေရဲ့
တို့အာင်ပွဲခံနေချိန်မှာ
သူတို့တွေက သံတိုင်တွေနောက်မှာ..

အမေစုအနားမှာ
အခြွေအရံများတာကို
ဝမ်းသာပေမယ့်
သူတို့တွေရဲ့ အကျဉ်းတံခါးတွေ
ဖွင့်ပေးဖို့ကို .ပိုအလိုရှိပါတယ်..။

The Lady ရုပ်ရှင်
အောင်ပွဲဆင်နေတာ
ကြည်နူးမိပေမယ့်
သူတို့တွေရဲ့ မျက်စိတွေကို
ပိုမိုခံစားစေလိုပါတယ်..။

ဗိုလ်ချုပ်ဘ၀ ရုပ်ရှင်ကားအတွက်
ပီတိဖြစ်ရပေမယ့်
သူတို့တွေရဲ့ ဘ၀တွေအတွက်
အမြန်ဆုံး လွတ်လပ်စေချင်ပါတယ်..။

အားလုံးကို သတိပေးလိုတာက
ကျနော်တို့ရဲ့ ပျော်ရွင်မှုတိုင်းမှာ
သူတို့တွေရဲ့ ဘ၀တွေ
ရောပါနေတယ်ဆိုတာ
မမေ့ကြပါနဲ့...။




ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ..။
အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (09/12/2011)
by ဖိုး သိကြား on Friday, December 9, 2011 at 2:58pm

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....