Thursday, December 1, 2011

ဦးသိန်းစိန်လက်ထက် ထောင်တွင်းအခြေအနေများ

နိုင်ငံရေးအကျဉ်းသားများကို အာဏာပိုင်နှင့် အကျဉ်းထောင် ဆရာဝန်များက ရည်ရွယ်ချက်ရှိရှိဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို နှိပ်စက်နေလျှက်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၃၀၊ ၁၁၊ ၂၀၁၁) ZLT& UN aung cho

1 comment:

  1. ကြေးမုံထဲကသင်
    (မတရားသောလမ်းလျှောက်ကြသောအာဏာသားသို့)

    ကြေးမုံတစ်ချပ်ရှေ့ သင်ရပ်ကြည့်
    သင်၏ရုပ်သွင် ကြေးမုံပြင်ဝယ်
    အထင်အရှား ပေါ်လာငြားအံ့။

    သင်ကပြုံးလျှင် သူပြုံးမည်
    သင်ကလုံးလုံး မပြုံးရက်ဘဲ
    အမုန်းဖက်နေခဲ့ပါလျှင်
    မုန်းလျက်ကြည့်ရာ သင့်မျက်နှာသည်
    မဲ့ကာရွဲ့ကာ မြင်ရပါမည်။

    သင်လှုပ်ရှားသမျှ သူလှုပ်ရှားပြမည်
    သင်ကအချက်ချာ အခရာတည်း။

    လောကဓမ္မတာ သံသရာဝယ်
    ရွေးချယ်စရာမျှော်မှန်း
    လျှောက်ရာလမ်းမှာ
    နှစ်လမ်းထဲသာ ရှိနေပါသည်။

    တရားသောလမ်း မတရားသောလမ်း
    ဤလမ်းနှစ်သွယ် သင်ရွေးချယ်
    သင့်ဝယ်ဘယ်လမ်းလျှောက်မည်နည်း။

    တရားသောလမ်းမှာ
    ညာလဲမညာ ညှာလဲမညှာ
    မှန်ရာကိုသာ ညွှန်နေမှာ။

    မတရားသောလမ်းကား
    လိမ်ညာကွေ့ကောက် လမ်းမဖြောင့်
    ကောက်ညစ်စဉ်းလဲ ဆဲချင်သလိုဆဲ

    ငရဲကသာ ဆီးကြိုမှာ
    ကြိုက်ရာကိုသာ ရွေးချယ်ပါ။

    ဒီကနေ့ သင်ရွေးရာလမ်း
    နောင်တနေ့ သင့်ရဲ့ ဘ၀စခန်း။

    ဒီကနေ့ သင်လုပ်သမျှလုပ်ရပ်
    နောင်တနေ့ သင့်ရဲ့ အနာဂတ်။

    မပတ်သက်ချင်လို့ မရ
    ရှောင်ထွက်ချင်လို့ မရ။

    သင့်လုပ်ရပ်တိုင်းဟာ
    သင့်ရဲ့ပုံရိပ်ပမာ
    သင့်နောက်သာ ကပ်ကာမလွဲ
    အမြဲလိုက်နေမှာပဲ။

    သင်ဘယ်သူလဲ
    သယ်ဘယ်ဝါလဲ
    သင်ဟာ သင်ပဲ။

    နိုင်ငံရေးအကျဉ်းသားတွေနှိပ်စက်
    အယွင်းယွင်းအမှားမှား
    အတင်းတအား
    ပြည်သူပြည်သားတွေကို မုချမနှေး
    ဒုက္ခတွေပေး ဒီဘေးက
    သင်တွေးဆ သင်ပြေးလို့လွတ်ပ။

    ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
    နိုဝင်ဘာ ၃၀ ၂၀၁၁။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....