Wednesday, November 30, 2011

မြန်မာပြည်ရောက် Miss Hillary CLinton

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မနက်ဖြန် ဒီဇင်ဘာ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဟု သိရှိရသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။ ဟီလာရီကလင်တန်သည် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တည်းခိုမည်ဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိလာခဲ့သော အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတ 
 


 ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဟီလာရီ ကလင်တန်သည် ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဟု သိရပါသည်။  
Eleven Media Group မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....