Tuesday, November 22, 2011

သံတိုင်တွေ ခြားနေသရွေ့တော့.........

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးပါ။

အထက်ပါပုံကို မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် သုံးစွဲမည်ဆိုပါက မည်သူမဆို လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ ကူးယူသော ပုံများကို ပြုပြင်မှုတစုံတရာမှ မလုပ်ဘဲ သုံးစွဲကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

1 comment:

  1. အေးနန္ဒာအောင်ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ပုံကိုကြိုက်ပါ၏ ကျနေမ်ာရေးလိုက်တဲ့ကဗျာကိုလဲ ဖတ်တာကြည့်

    သုံးပွင့်ဆိုင်တူပြိုင်တိုက်မှ
    အနိုင်ရမည်

    ဇာကနာ လူရွင်တော်
    ပြောင်ချော်ချော်နဲ့ဖြေဖျော်
    အဖေမခေါ်လဲ ဂရုမစိုက်
    လူထုကြိုက်လဲ ဇာတ်သဘော
    လတ်တလော မထိရောက်။

    အဓိကကြောက်တာက
    အသက်ပျောက်ပျောက် ငရဲရောက်ရောက်
    မကြောက်စတမ်း လူထုသိန်းသန်းကို
    ဆူပူမှု ကိန်းဂဏန်းဖြစ်လာအောင်
    လုပ်ဆောင်နိုင်သူက မင်းကိုနိုင်
    လူထုရဲ့အသဲစိုင်ကို ဆွဲကိုင်နိုင်ပြီး
    မြဲခိုင်ခိုင်အုံကြွ သူပုန်ထလာအောင်
    လုပ်ဆောင်နိုင်တဲ့အတွက်
    အာဏာရှင်သူတို့အသက်
    လူထုလက်ထဲအတပ် မပေးအပ်နိုင်ပါ။

    တစ်ထောင်ဝင် တစ်ထောင်ပြောင်း
    ထောင်ချင်းပြောင်းတာကလွဲ
    မကောင်းစဖူး အကြောင်းမထူးဘဲ
    ခေါင်းမူးအောင်သာစောင့်မျှော်ပါ။

    သွားပုပ်သွားကျဲ သွားထဲကပိုး
    အမျိုးမျိုးသတ် ဒေ၀ဒတ်နည်းနဲ့
    ရှာကြံပြီဖါ နာတဲ့အမြစ်
    တဆစ်ဆစ်ကိုက် ကိုက်တဲ့နေရာ
    ပျောက်မသွားပါ။
    နာချင်လဲ နာ တစ်ခါထဲသာ
    အနာခံမည် ဧကန်သွားပုပ်
    ခုချက်ချင်းနှုတ်
    အဟုတ်နောင်ခါ မနာတော့ပါ။

    ဒီပုံပမာ အာဏာရှင်တွေဟာ
    မကွာသွားပုပ် အမြန်နှုတ်မှ
    အဟုတ်ကို ဒီမိုကရေစီသွားသစ်
    ပြန်စိုက်လို့ဖြစ်မည်။

    သွားကိုနှုတ်ရာ ပလာရာ
    မနာအောင်ပျိုး ထုံဆေးထိုး
    အားကိုးစရာ သွားဆရာဝန်ပါ
    လိုတာပေါင်းလိုက် အောင်ပွဲဆိုက်။

    ထုံဆေးနေရာ ဒေါ်စုပါ
    ပလာရာကိုကိုင် မင်းကိုနိုင်
    အပိုင်နှုတ်ပေး သွားဆရာဝန်လေး
    စုဝေးပေါင်းစု လူထုအုံကြွမှု
    သုံးခုသုံးပိုင် သုံးပွင့်ဆိုင်
    တူပြိုင်မောင်းထုတ် အာဏာရှင်ပြုတ်
    အဟုတ် အဟုတ် တကယ့်ကိုလုပ်။
    ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
    နိုဝင်ဘာ ၂၂ ၂၀၁၁

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....