Tuesday, November 22, 2011

အာဏာရှင် စစ်အစိုးရနဲ့ ဒီမိုကရေစီ ဖေါ်ဆောင်မယ်ဆိုတဲ့ အရပ်သား အစိုးရ ကွာခြားချက်။


မြွေဆိုးဟာမြွေဆိုးပါပဲ
မြွေအခွံချွတ်လဲ
မြွေဆိုးဟာ မြွေဆိုးပါပဲ။

အမြင်တူရင်တွဲလုပ်
အမြင်မတူရင်တော့ဖမ်းချုပ်
ဗိုလ်ချုပ်လက်ဟောင်း
အရပ်သားအသွင်ပြောင်းလဲ
အဟောင်းအဆွေးတွေက
မပြောင်းပေး ကောင်းသေးရဲ့လားဗျာ။

သွားပုပ်ကို နှုတ်မထုတ်လေသမျှ
စွတိုင်းနာ ဖာတိုင်းကွဲ
မမြဲနိုင် အထိုင်မကျ
နှုတ်ပစ်မှ တော်မယ်ဗျ။

နေ့ခင်းကြောင်တောင်
ယောင်ချာချာ စကားပြော
လူတောထဲမျက်နှာပြောင်
အခေါင်ကစ မိုးယို
မစိုဘယ်မှာ ရှိလိမ့်မတုံး။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)၁၁-၂၁-၁၁

1 comment:

  1. မြွေဆိုးဟာမြွေဆိုးပါပဲ
    မြွေအခွံချွတ်လဲ
    မြွေဆိုးဟာ မြွေဆိုးပါပဲ။

    အမြင်တူရင်တွဲလုပ်
    အမြင်မတူရင်တော့ဖမ်းချုပ်
    ဗိုလ်ချုပ်လက်ဟောင်း
    အရပ်သားအသွင်ပြောင်းလဲ
    အဟောင်းအဆွေးတွေက
    မပြောင်းပေး ကောင်းသေးရဲ့လားဗျာ။

    သွားပုပ်ကို နှုတ်မထုတ်လေသမျှ
    စွတိုင်းနာ ဖာတိုင်းကွဲ
    မမြဲနိုင် အထိုင်မကျ
    နှုတ်ပစ်မှ တော်မယ်ဗျ။

    နေ့ခင်းကြောင်တောင်
    ယောင်ချာချာ စကားပြော
    လူတောထဲမျက်နှာပြောင်
    အခေါင်ကစ မိုးယို
    မစိုဘယ်မှာ ရှိလိမ့်မတုံး။

    ကိုကိုအောင်(ဆန်ဖရန်စစ္စကို)၁၁-၂၁-၁၁

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....