Monday, November 21, 2011

ဂျပန်နိုင်ငံတွင် ပြုလုပ်သော အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ

 ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ၊၂၀ရက်နေ့တွင် ဂျပန်နိုင်ငံရှိ အလင်းအိမ်မဂ္ဂဇင်း စာပေမိသားစုမှ တာဝန်ယူ ကျင်းပပြုလုပ်သော (၉၁)နှစ်မြောက် အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအထိမ်းအမှတ် စာပေဟောပြောပွဲကို ဂျပန်နိုင် TOKYO မြို့ရှိ၊ IKEBUKUROအရပ်တွင် ကျင်းပခဲ့ပါသည်။ ထိုပွဲသည် ဂျပန်နိုင်ငံရှိ မြန်မာ့အသိုင်းအဝိုင်းတွင် ပထမဆုံးကျင်းပပြုလုပ်သော စာပေဟောပြောပွဲလည်း ဖြစ်ပါသည်။
ကြွရောက်ဟောပြောပေးခဲ့ကြသော စာရေးဆရာများမှာ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)နှင့်
ဆရာမ နုနုရည်(အင်းဝ)တို့ဖြစ်ကြပါသည်။ ဆရာများမှာ အမျိုးသားနေ့အထိမ်းအမှတ်နှင့် သက်ဆိုင်သော စာပေဗဟုသုတများကိုလည်းကောင်း မြန်မာ့စာပေသမိုင်း၏ သူရဲကောင်းတို့အကြောင်းများကိုလည်းကောင်း၊
လူငယ်စာဖတ်ပရိသတ်များအတွက် အကျိုးပြုစာပေးများ ဖတ်ရခြင်းအကျိုးများကိုလည်းကောင်း မိမိတို့ ကိုယ်တွေ့များ၊ စာတွေ့များနှင့်ယှဉ်၍ စိတ်ဝင်စားဖွယ် ဟောပြောသွားခဲ့ကြပါသည်။ ညနေ ၆နာ၇ီမှ ၉နာရီအထိ (၃)နာ၇ီကြာ နားထောင်ခဲ့ရသော်လည်း ပွဲအပြီါ်တွင် ပရိသတ်ထံမှ နားထောင်ရတာ မဝဘူးဟူသော အသံများကိုကြားခဲ့ရပါသည်။ ထိုပွဲသို့ မိုးထဲရေထဲမှပင် မျှော်မှန်းထားသည်ထက် ပိုမို၍ စာပေပရိသတ်များ
လာရောက်ခဲ့ကြောင်းသိရပါသည်။ ထိုပွဲဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးသော အလင်းအိမ်မှ အယ်ဒီတာချုပ် ဦးရဲငြိမ်းနှင့်တကွ အလင်းအိမ်မိသားစုကို ကျမအနေနှင့်လည်း လှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ဟောပြောချက် ဆရာမနုနုရည်(အင်းဝ)ဖြစ်ပါတယ်။ ဓါတ်ပုံ။ ။ ကိုသာထက်(BCJP) ဗီဒီယို။ ။ကိုဇေယျာ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....