Monday, October 3, 2011

ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့်တွင် ဆန္ဒပြ

ရန်ကုန်မြို့ ပြည်မြန်မာကုန်တိုက်
အနီးတွင် နံနက် ၁၂ နာရီ ခွဲဝန်းကျင်အချိန်တွင် အမျိုးသမီ၊အမျိုးသား ၂၀၀န်းကျင်ခန့်က ဆန္ဒပြခဲ့ကြပြီး ထိုထဲမှ ဆိုင်းဘုတ်ကိုင်ဆောင်သူ အမျိုးသမီး ၂ဦးအား မယက ရုံးမှ ဖမ်းဆီးခေါ်သွားကြောင်း သိရှိရသည်။ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အမျိုးသမီး၂ ဦးမှာ မခင်မျိုးလွင်နှင့်မသီတာတို့ ဖြစ်ကြောင်း သိရှိရသည် ။ သူတို့ သည် ပြည်မြန်မာကုန်တိုက်တွင်းရှိ ဆိုင်ခန်းများအားငှားရမ်းထားသော ဆိုင်ခန်းလုပ်ငန်းရှင်များဖြစ်ကြပြီးအဆိုပါ အဆောက်အအုံအား လေလံအောင်ပြီးနောက် ဆိုင်ခန်းများအား နစ်နာကြေးငွေ တစုံတရာပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခြင်းခံခဲ့ရ သူများဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....