Thursday, September 8, 2011

တိုင်းပြည်ကိုရောင်းစားနေပြီ

ယခင်က
မြန်မာတွေစည်းကမ်းဖေါက်
ထီးနန်းပျောက်ခဲ့ဘူးပြီ။

ယခုမူ
အယူလွဲမှားတဲ့ အာဏာသားတွေက
ရောင်းစားနိုင်သမျှ
သယံဇာတ ပစ္စည်းများသာမက
မေခ မလိက မြစ်နှစ်သွယ်က
စီးကျလာတဲ့ဧရာဝတီမြစ်ကြီးကိုပါ
အာဏာသားများကိုယ်ကျိုး
မျှော်ကိုးပြီး လက်မှတ်ထိုးရောင်းချလိုက်ပြန်ပြီ။
ဘာကျန်သေးသလဲ မေးမနေနဲ့
တိုင်းပြည်မှာရှိသမျှ အတိကျသာလက်ညှိုးထိုး
သူခိုးပီပီ စိတ်ညီညီနဲ့
ဗလီလဲရောင်းစား ကျောင်းလဲရောင်းစား
လောင်းကစားသမားလို
ကောင်းသလား မကောင်းသလား
အကြောင်းတရားမစဉ်းစား
ရောင်းစားစရာမရှိခဲ့ရင်
လက်ရှိနှမပေး အလှပဂေးတွေကိုပါ
ညစာအရေးအတွက်ရောင်းစားပေလိမ့်မယ်။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)သြဂုတ်၇ ၁၁

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....