Monday, September 12, 2011

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲ အခမ်းအနား


၂၀၁၁ ခုနှစ် စက်တင်ဘာလ(၁၁)ရက်။

စက်တင်ဘာလ (၁၅)၇က်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အကြို ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို  တိုကျို Toshima-Ku Zoushigaya Chiikibunka Souzoukan မှာ ယနေ့ နေ့လည် ၁း၃၀ နာရီမှ ၅း၀၀ နာရီအထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့်  အခမ်းအနားတွင် ဟောပြောဆွေးနွေးပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးလှိုင်အေးမှ အဖွင့် အမှာစကား ပြောကြားရာမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် ကုလသမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် ဆုံးဖြတ်သတ်မှတ်ခဲ့ကြပြီး နိုင်ငံတကာတွင်လည်း ကျင်းပပြုလုပ်ကြရာ ဂျပန်နိုင်ငံတွင် ပထမဆုံအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာမာနိုင်ငံတွင် စစ်မှန်သည် ဒီမိုကရေစီစနစ် ပေါ်ထွန်းသည်အထိ ဆက်လက် ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

 အဖွဲ့အစည်းအသီးသီး တာဝန်ရှိသူများတို့မှလည်း ဒီမိုကရေစီကျင့်စဉ်နှင့် ပတ်သက်သည့် ဒီမိုကရေစီနိုင်ငံတွင် ဖက်ဒရယ်စနစ် ထူထောင်ခြင်း (ကိုဇော်မင်းခိုင်)၊ ဥပဒေပြုလွှတ်တော် (ကိုလှဟန်)၊ဒီမိုကရေစီတွင် တရားဥပဒေ စိုးမိုးရေးမရှိမဖြစ် လိုအပ်ပုံ ( ကိုလွင်အောင်စိုး)၊ဒီမိုကရေစီနှင့် အာဏာရှင် (ကိုမြင့်မောင် )၊ ဒီမိုကရေစီနိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍ(ကိုကိုအောင်)၊ ဒီမိုကရေစီနှင့် ပြည်သူ့ရေးရာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ (ဦးဂျွန်မျိုးအောင်)၊ ဒီမိုကရေစီနှင့်လူထု (ကိုကျော်ကျော်စိုး )တို့မှ ခေါင်းစဉ်အလိုက် တာဝန်ယူ ဟောပြောသွားခဲ့ကြပြီး တက်ရောက်သူများတို့မှလည်း အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....